အပိုင်း ၂၄

1.9K 236 4
                                    

Unicode Version

အပိုင်း ၂၄

ဒါကြောင့် ရှောင်းကျန့်က ဝမ်ရိချန်ဆီက တောင်းယူထားတဲ့ဓားနဲ့ ကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်။

သူက ဓားကို ယူပြီး သူ့လည်ပင်းပေါ် တင်လိုက်တဲ့အချိန်မှာပဲ အခန်းတံခါးက ဝုန်းခနဲ ပွင့်သွားပြီး ဝမ်ဧကရာဇ်က ဝင်လာခဲ့တယ်။

"ကျန့်အာ!!....မလုပ်နဲ့!!....ဓားကို ချထား"

ဝမ်ဧကရာဇ်က ရာဇဣိန္ဒြေတောင် မထိန်းနိုင်ဘဲ သွေးရူးသွေးတန်းနဲ့ အော်ဟစ်ရင်း အခန်းထဲဝင်လာခဲ့တယ်။

"ရှေ့တိုးမလာနဲ့!!"

ရှောင်းကျန့်ရဲ့ အော်သံခပ်ပြတ်ပြတ်ကြောင့် ဝမ်ဧကရာဇ်က နေရာမှာပဲ ချက်ချင်း ရပ်သွားခဲ့တယ်။ ကျန့်အာက ကိုယ်တော်ရဲ့ တစ်ခုတည်းသော အားနည်းချက်ဆိုတဲ့ စကားက အလိမ်အညာ လုံးဝမဟုတ်ခဲ့ပေ။

"ကျန့်အာ...စိတ်ကို အေးအေးထား...ကျန့်အာ ဖြစ်စေချင်တာ အကုန် လုပ်​ပေးမယ်၊ မက်မွန်သီးဝိုင်ရော၊ တော်ဝင်ဥယျာဥ်ရော၊ ကျန့်အာ လိုချင်တာ အားလုံး ကိုယ်တော် ခွင့်ပြုမယ်...ဓားကို ချလိုက်နော်"

ဝမ်ဧကရာဇ်က ရှောင်းကျန့်ကို အာရုံထွေအောင် ပြောရင်း ရှေ့ကို တစ်လှမ်းတိုးလာခဲ့တယ်။

"ကျန့်အာ အရှင့်ကို နောက်ဆုံးအနေနဲ့ အသိပေးစရာ ရှိတယ်"

ရှောင်းကျန့်က ဓားကို မချသေးဘဲ ငိုသံနှောနေတဲ့ က်ရှရှ အသံနဲ့ ပြောလာတယ်။

"ကျန့်အာ အသိပေးချင်တာ အားလုံး ကိုယ်တော် နားထောင်ပေးမယ်...အခု ဓားကို ကိုယ်တော့်ကိုပေး"

ဝမ်ဧကရာဇ်က ပြောရင်းနဲ့ အရှေ့ကို နောက်တစ်လှမ်းတိုးလာပြန်တယ်။

"ကျန့်အာက အရှင့်ကို တအားမုန်းတာပဲ...ဒါပေမဲ့ သိပ်ချစ်တယ်၊ နှုတ်ဆက်ပါတယ် အရှင်"

ရှောင်းကျန့်က မျက်လုံးကို မှိတ်ချလိုက်ရင်း မျက်ရည်ကို စီးကျခွင့်ပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဓားကို သူ့လည်ပင်းဆီ ပိုတိုးကပ်ရင်း လှီးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဝမ်ဧကရာဇ်က လျင်မြန်လွန်းတယ်။

Dancing Phoenix (Completed)Where stories live. Discover now