Unicode Version
အပိုင်း ၂၃
သမားတော်က ရှောင်းကျန့်ကို အပ်စိုက်ကုသပေးပြီး သိပ်မကြာခင်မှာ ရှောင်းကျန့်က သတိရလာခဲ့တယ်။ ဝမ်ဧကရာဇ်ကတော့ ဝမ်းသာလွန်းလို့ ရှောင်းကျန့်အနားမှာ စကားတွေ တတွတ်တွတ် ပြောနေတော့တယ်။
"ကျန့်အာ...ဒီဆေးလေး သောက်လိုက်ဦး"
"ကျန့်အာ...ဒီမုန့်လေး စားကြည့်"
"ကျန့်အာ...ဒီဟာလေး ထပ်ဝတ်ထား၊ ရာသီဥတု အေးတယ်"
"ကျန့်အာ..."
"ကျန့်အာ..."
"ဝမ်ရိပေါ်!!...မင်း တိတ်တိတ်နေလိုက်တော့...ငါ ရောဂါနဲ့ မသေဘဲ နားညီးပြီး သေတော့မယ်"
ရှောင်းကျန့်က ကိုယ်ကို ခပ်လျောလျော မှီထိုင်ရင်း ဝမ်ဧကရာဇ်ကို ပိတ်ဟောက်တယ်။ ရှောင်းကျန့်ရော ဝမ်ဧကရာဇ်ရောက ဘာမှမဖြစ်ပေမဲ့ ဘေးနားက အပျိုတော်လေး နှစ်ယောက်ကတော့ ကြောက်လွန်းလို့ တဆတ်ဆတ်တောင် တုန်နေပြီ။ ဝမ်ဧကရာဇ် ဒေါသထွက်ရင် ဘယ်လောက် ကြောက်ဖို့ကောင်းတယ်ဆိုတာ နန်းတော်တစ်ခုလုံး ကောင်းကောင်းသိတယ်။
ဒီတစ်ကြိမ်မှာတော့ ဝမ်ဧကရာဇ်က နည်းနည်းလေးမှ စိတ်မဆိုးတဲ့ အပြင် သဘောတကျတောင် ပြုံးလိုက်ပါသေးတယ်။ သူက ရှောင်းကျန့်နံဘေးမှာ ထိုင်လိုက်ပြီး သူ့လက်ကို သူ့လက်နဲ့ အုပ်ကိုင်ရင်း တိုးဖွဖွ ဆိုလာတယ်။
"နောက်ဆုံးတော့ မင်း ကိုယ်တော့်ကို စကားပြောပြီပေါ့။ ကျန့်အာ မိဘတွေကို သင်္ဂြိုဟ်ဖို့ ကိုယ်တော် အားလုံးပြင်ခိုင်းထားတယ်။"
"အင်း...ဒီနေ့ပဲ သင်္ဂြိုဟ်မယ်"
____
ရှောင်းကျန့် သဘောအတိုင်း အဲ့ဒီနေ့မှာ ရှောင်းကျန့်ရဲ့ မိဘတွေကို သင်္ဂြိုဟ်ခဲ့တယ်။ ကမ္ဗည်းတိုင်ကိုတော့ အန့်ဟွာ ဘုံကျောင်းမှာ ထားပြီး ရှောင်းကျန့်ဝတ်ပြုလို့ ရအောင် လုပ်ပေးခဲ့တယ်။
ဝမ်ဧကရာဇ်က ရှောင်းကျန့်က သူ့ကို နည်းနည်းလေးတောင် ဆန့်ကျင်တာမျိုး မလုပ်တော့ဘဲ သူ့ပြောသမျှ နားထောင်နေတာကြောင့် အနည်းငယ် ဝမ်းသာမိတယ်။
YOU ARE READING
Dancing Phoenix (Completed)