အပိုင်း ၁၃

2.2K 274 9
                                    

Unicode Version

အပိုင်း ၁၃

ရှောင်းကျန့်က ဝမ်ရိပေါ် ပြန်သွားတော့မှ အနီရောင် ကျူးလစ်ပန်းတွေကို ကြည့်ရင်း တစိမ့်စိမ့် တွေးနေမိတယ်။ ရှောင်းကျန်​က အနီရောင်ကို သိပ်ကြိုက်တယ်၊ ဝမ်ဧကရာဇ်က ရှောင်းကျန့် အနီရောင် ကြိုက်မှန်း သိလို့ ရှောင်းကျန့်ရဲ့ အဆောင်ဘေးမှာ အနီရောင် နှင်းဆီရဲရဲတွေ တစ်ခင်းကြီး စိုက်ပျိုးပြီး လက်ဆောင်ပေးခဲ့ဖူးသေးတယ်။

အဲ့ဒီအနီရောင် နှင်းဆီပန်းခင်း လက်ဆောင်မပေးခင်ကဆို ရှောင်းကျန့်က သူ့ရဲ့အထိန်းတော်နဲ့အတူ တော်ဝင်ဥယျာဥ်ထဲမှာ လမ်းလျှောက်နေတတ်တယ်။ အထူးသဖြင့် ညနေခင်းဆိုရင် ကျိုးနန်းတော်ရဲ့ တော်ဝင်ဥယျာဥ်က အင်မတန်ကို လမ်းလျှောက်လို့ ကောင်းတယ်။ ကြာကန်ကို ဖြတ်ပြီး ဆောက်ထားတဲ့ ခုံးတံတားလေးပေါ်မှာ မတ်တပ်ရပ်နေရင်း ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေပြည်ညင်းညင်းလေးကို ခံစားရတာက မလွတ်မလပ် ဖြစ်နေရတဲ့ ရှောင်းကျန့်အတွက်တော့ စိတ်ဖြေစရာ တစ်ခု ဖြစ်ခဲ့တယ်။

အဲ့ဒီနေ့က ဝမ်ဧကရာဇ်က စုန့်ပြည်ကို လက်အောက်ခံနယ်အဖြစ် သတ်မှတ်ပြီး စစ်ပြေငြိမ်းရေးအတွက် စုန့်မင်းသမီးနဲ့ လက်ဆက်ပြီး နောက်တစ်နေ့ပဲ။ ဝမ်ဧကရာဇ်က ကျိုးအင်ပါယာကို ချဲ့ထွင်ပြီး တိုင်းပြည်ငယ်လေးတွေကို သူ့အင်ပါယာထဲ ထည့်သွင်းတာကြောင့် တချို့က သူတို့သမီးတွေကို ပို့ပြီး ငြိမ်းချမ်းရေး ယူကြတယ်။ ဝမ်ဧကရာဇ်ရဲ့ အနောက်ဆောင်မှာတော့ မိန်းမပေါင်း သောင်းခြောက်ထောင်နဲ့ စည်ကားနေတော့တာပါပဲ။ ဒါပေမဲ့ ဝမ်ဧကရာဇ် တစ်ခါလက်ဆက်တိုင်း သူက ရှောင်းကျန့်စိတ်ဆင်းရဲမှာ စိုးရိမ်ပြီး ရှောင်းကျန့်ရဲ့ အဆောင်မှာ လာအိပ်လေ့ရှိတယ်။ ဒီအတိုင်း ရှောင်းကျန့်ကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း ရှောင်းကျန့်ကို ဘယ်လောက်ချစ်ကြောင်း တဖွဖွ ပြောရင်း ဝမ်ဧကရာဇ်က ရန်သူတော်ကို ရင်ခွင်ထဲ ထည့်ပြီး စိတ်ချလက်ချနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါတယ်။ ပြီးရင် ဘယ်မိဖုရားအဆောင်ကိုမှလဲ သွားလေ့မရှိ။

Dancing Phoenix (Completed)Where stories live. Discover now