အပိုင်း ၁၈

2K 249 2
                                    

Unicode Version

အပိုင်း ၁၈

ရှောင်းကျန့်တို့ သုံးယောက် အတူ မနက်စာ စားပြီးတဲ့နောက်မှာတော့ ရှောင်းကျန့်က လိအာဆိုတဲ့ ကလေးမလေးအကြောင်းကို အားလုံး သိသွားခဲ့တယ်။ သူ့ကို ရှောင်ယဲ့ဝမ်က မိဘမဲ့ဂေဟာကနေ ခေါ်လာပြီး သိပ်မကြာခင်မှာဘဲ ချန်အိမ်က သူဌေးမက မိန်းကလေး သိပ်လိုချင်တာကြောင့် လိမ်မာရေးခြားရှိပြီး သွက်လက်တဲ့ လိအာကို မွေးစားခဲ့တယ်။ ဒါကြောင့် လိအာက ချန်အိမ်ရဲ့ တစ်ဦးတည်းသော အလိုလိုက်ခံ သမီးငယ်လေး ချန်ရုန်လိ ဖြစ်လာခဲ့တယ်။ လိအာက တကယ်ကို သဘောကောင်းပြီး သွက်လက်ချက်ချာတာကြောင့် အရင်ရှောင်းကျန့်က ညီမလေးတစ်ယောက်လို ချစ်ခဲ့တယ်။

ဒါက သူ့အတွက်လည်း သိပ်ကို ခက်ခဲနေတာမျိုး မဟုတ်တာကြောင့် လိအာကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ရှောင်းကျန့်က ခပ်ဖွဖွ ပြုံးလိုက်ရင်း လိအာကို နှုတ်ဆက်တယ်။

"လိအာ...ကိုယ် ပြန်တော့မယ်၊ မင်း ကိုယ့်ကို တွေ့ချင်ရင် ကိုယ့်အိမ်ကို လာလို့ရတယ်"

ရှောင်းကျန့်က သူ့အိမ်လိပ်စာကို လိအာကို ပေးလိုက်ရင်း ​ထပြန်ဖို့ လုပ်တယ်။ ဝမ်သခင်လေးက စကားတစ်ခွန်းမှ ဝင်မပြောပေမဲ့ မျက်နှာက တအားကို တည်တင်းနေပြီး အလိုမကျမှန်း သိသာလွန်းတယ်။ ရှောင်းကျန့်က သူ့ကို သဝန်တိုနေတဲ့ ဝမ်သခင်လေးကို ကြည့်ပြီး ရယ်ချင်လာတယ်။

"ကျန့်အာ ကိုယ်တို့ ပြန်ကြစို့"

ဝမ်သခင်လေးက ရှောင်းကျန့်ရဲ့ လက်ကို ဆွဲပြီး ချက်ချင်း လှည့်ပြန်တော့တယ်။ သူက ကိတ်မုန့်ဆိုင်ကနေ အတော်ဝေးဝေး ရောက်တဲ့အထိ ရှောင်းကျန့်ရဲ့ လက်ကို လွှတ်မပေးခဲ့ပေ။ ရှောင်းကျန့်က သူ့လက်ကို ဝမ်သခင်လေး လက်ထဲက ရုန်းထွက်လိုက်ပြီး အကြည့်စူးစူးနဲ့ ကြည့်လာတယ်။

"ဝမ်သခင်လေး...မင်း ဘာလို့ ငါ့ကို အဲ့လောက် ကြမ်းကြမ်းတမ်းတမ်း ဆွဲခေါ်လာတာလဲ၊ မင်း လုပ်လိုက်တာ ငါ့လက်ကောက်ဝတ်တောင် ပွန်းတော့မယ်"

ရှောင်းကျန့်က သူ့လက်ကောက်ဝတ်ကို ခပ်ဖွဖွ ပွတ်သပ်ရင်း ဝမ်သခင်လေးကို ရန်လုပ်တယ်။ တကယ်လည်း ရှောင်းကျန့်ရဲ့ အသားအရည်က နုလွန်းလို့ ဝမ်ရိပေါ်ရဲ့ လက်ရာကြီးက သူ့လက်ကောက်ဝတ်သေးသေးမှာ ထင်းနေတယ်။ ဝမ်ရိပေါ်က အားနာသွားဟန်နဲ့ ရှောင်းကျန့်ရဲ့ လက်ကောက်ဝတ်ကို ကိုင်ပြီး ခပ်ဖွဖွ ပွတ်သပ်ပေးရင်း ချော့မြှူတယ်။

Dancing Phoenix (Completed)Where stories live. Discover now