Unicode Version
အပိုင်း ၁၂
ဝမ်ရိပေါ်က ဆရာဝန်ဆီကနေ ပြန်လာတဲ့ အချိန်ထိ အိပ်မက်ရဲ့ လွှမ်းမိုးမှုကနေ ရုန်းမထွက်နိုင်ခဲ့ပေ။ ရှောင်းကျန့်က သူ့မှာ ချစ်ရတဲ့သူ ရှိတယ်လို့ ပြောခဲ့လို့ စိတ်ညစ်နေပေမဲ့ အိပ်မက်ထဲမှာတော့ သူက ရှောင်းကျန့်ကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ သူ လက်တွေ့မှာလည်း ရှောင်းကျန့်ကို ပိုင်ဆိုင်ချင်တယ်၊ အမြဲအေးစက်စက် မျက်နှာပေးလေးနဲ့ လူသားလေးကို ထွေးပွေ့ထားချင်တယ်၊ ဂရုစိုက်ပေးချင်တယ်၊ သူ့အနားမှာပဲ ရှိနေစေချင်တယ်။ အဆုံးသတ်မှာတော့ ဝမ်ရိပေါ်က ရှောင်းကျန့်မှာ ချစ်ရတဲ့သူ ရှိနေရင်တောင် သူ ရှောင်းကျန့်ကို ဖွင့်ပြောပြီး ပိုးပန်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဝမ်ရိပေါ်က ကဇာတ်ရုံရှေ့မှာ အနီရောင် ရဲရဲတောက်နေတဲ့ ကျူးလစ် ပန်းစည်းတစ်စည်းကို ကိုင်ပြီး ဟိုဘက်လျှောက်လိုက် သည်ဘက်လျှောက်လိုက်နဲ့ ဂဏာမငြိမ် ဖြစ်နေတယ်။ သူက ကဇာတ်ရုံရဲ့ ဝင်းထဲ ဝင်ဖို့တောင် တွန့်ဆုတ်နေမိတယ်။ သူက ရှောင်းကျန့်ကို အခုချက်ချင်းပဲ ပြေးသွားပြီး သူ့အချစ်တွေကို ဖွင့်ဟဝန်ခံချင်တယ်။ တစ်ချိန်တည်းမှာပဲ ရှောင်းကျန့်က သူ့ကို ငြင်းဆိုမှာကိုလည်း ကြောက်နေမိတယ်။ အချိန်တော်တော်ကြာတဲ့အထိ ဝမ်ရိပေါ်က ဆုံးဖြတ်ချက်မချနိုင်သေးဘဲ တွေဝေနေတယ်။
"Well...ငါ့မှာ ငါ့ခံစားချက်ကို ဖော်ထုတ်ပြသဖို့ အခွင့်အရေးရှိတယ်၊ ကျန်တာက ကျန့်အာ အပိုင်းပဲ၊ သူ ငါ့ကို လက်ခံလာတဲ့အထိ ငါ ကြိုးစားလို့ ရတယ်"
ဝမ်ရိပေါ်က သူ့ကိုယ်သူ အားတင်းလိုက်ပြီး အသက်ကို ပြင်းပြင်းရှူထုတ်လိုက်တယ်။ အရင်က သူ ကောင်မလေးတွေ အများကြီးနဲ့ တွဲခဲ့ဖူးပေမဲ့ တစ်ခါမှ ဒီလောက်စိတ်မလှုပ်ရှားခဲ့။ ဝမ်ရိပေါ်က ပန်းစည်းကို သူ့နောက်ကျောမှာ ဖွက်လိုက်ပြီး ရှောင်းကျန့်ရဲ့ သီးသန့်ခန်းဆီ လာခဲ့တယ်။
ရှောင်းကျန့်ရဲ့ အခန်းရှေ့ရောက်တော့ သူက အခန်းတံခါးကို ခပ်ဖွဖွ ခေါက်ရင်း ရှောင်းကျန့်ကို ခေါ်လိုက်တယ်။
"ကျန့်အာ...ကျန့်အာ...ကိုယ် ဝင်လာလို့ရမလား"
"ဝင်ခဲ့"
YOU ARE READING
Dancing Phoenix (Completed)