အပိုင်း ၂၉ (နိဂုံးချုပ်)

3.7K 233 13
                                    

အပိုင်း ၂၉

"ကျွန်တော်လာတာ ဒါနောက်ဆုံးပဲ"

ဝမ်ရိပေါ်က သူ့ရှေ့က ဆရာဝန်ကို မကြည့်ဘဲ ပြောတယ်။ ဆရာဝန်က သူ့ကို စိတ်ပူသွားပြီးတော့ သူ့ရဲ့ မှတ်တမ်းကို ပြန်ကြည့်တယ်။

"ဝမ်သခင်လေး... မင်းအိပ်လို့ရောရရဲ့လား။"

"မရဘူး။ အခု ကျန့်အာက သတိမရသေးဘူး။ ကျွန်တော့်ကို နောက်တစ်ခါ အိပ်မက်တွေ ထပ်မမက်အောင် လုပ်ပေးပါ။ ကျွန်တော် ဘာမှထပ်မသိချင်တော့ဘူး။"

ဝမ်ရိပေါ်က ပြောလိုက်တော့ ဆရာဝန်က ခေါင်းညိတ်တယ်။ တကယ်တော့ အိပ်မွေ့ချကုထုံးဆိုတာက အိပ်မက်ထပ်မမက်အောင် လုပ်နိုင်တဲ့ အရာမျိုး မဟုတ်။ ဒါပေမဲ့ အတိတ်ဆိုးတွေထဲကနေလွတ်မြောက်အောင်တော့ ကူညီပေးနိုင်တယ်။

"မင်းကိုယ်တိုင် ကြိုးစားမှပဲ ရလိမ့်မယ်။ အခုကစပြီးဘာတွေပဲဖြစ်လာဖြစ်လာ ဒါတွေက မင်းနဲ့ မသက်ဆိုင်ဘူး။ မင်း ပြန်လာရမယ်။ အခု...မင်းနောက်ဆုံးအိပ်မက်မက်ခဲ့တဲ့နေရာကို ရောက်သွားပြီ။"

ဆရာဝန်ကို လက်ဖျောက်တီးလိုက်တာနဲ့ ဝမ်ရိပေါ်က ချက်ချင်း မျက်လုံးတွေမှိတ်ကျသွားခဲ့တယ်။ သူ့မျက်လုံးကို ဖွင့်လိုက်တော့ သူ့ရှေ့မှာ မိန်းမစိုးတစ်ယောက်က ဒူးထောက်နေတယ်။

"အရှင်.. ကြင်ယာတော်ရှောင်းက... ကြင်ယာတော်ရှောင်းက.. မနက်အစောကြီးကတည်းက ပျောက်နေတာပါ။"

"ရ​အောင်ရှာ... အခုချက်ချင်းရှာ။"

ဝမ်ဧကရာဇ်ရဲ့ လေသံမာမာက ဟိန်းထွက်လာတယ်။ ရှောင်းကျန့်က သူ မသိအောင် ခိုးထွက်သွားပြန်ပြီ။ သူ့ဆီကို နာကျဉ်းမုန်းတီးနေတဲ့ ဝိဉာဉ်ပဲ ပြန်ရောက်လာတာမို့လို့ စတွေ့တုန်းကလိုမျိုး တအားဆိုးသွမ်းတယ်။ ဝမ်ဧကရာဇ်ကတော့ ကြင်ယာတော်အဆိုးလေးကို အပြစ်မမြင်ရက်တာကြောင့် သက်ပြင်းမောကိုသာ ဆွဲချရတယ်။

သိပ်မကြာခင်မှာပဲ မိန်းမစိုးကြီးနဲ့အတူ ရှောင်းကျန့်က ပြန်ပါလာတယ်။ ရှောင်းကျန့်မျက်နှာနုနုက သုန်မှုန်နေပြီး လက်ကိုလဲ နောက်ပစ်ထားတာမို့ တစ်ခုခုကိုဖွက်ထားမှန်း သိသာတယ်။

Dancing Phoenix (Completed)Where stories live. Discover now