Unicode Version
အပိုင်း ၂၀
ရှောင်းကျန့်က ပြောနေရင်း ရှိုက်သံပါ ထွက်လာတယ်။ ဝမ်ဧကရာဇ်ရဲ့ အထိအတွေ့တွေက သူ့သွေးတွေ အားလုံးကို ပြောင်းပြန်ဖြစ်သွားလောက်အောင် စိုးမိုးခြယ်လှယ်နိုင်တယ်။
"ကောင်းပြီ...ကောင်းပြီ၊ ကိုယ်တော် ကျန့်အာကို စိတ်ညစ်အောင် မလုပ်တော့ဘူး"
ဝမ်ဧကရာဇ်က သူ့ရင်ခွင်ထဲက ရှောင်းကျန့်ကို ယုယုယယ ထွေးပွေ့လိုက်ပြီး နှစ်သိမ့်ပေးတယ်။ ရှောင်းကျန့်က ဘာမှပြန်မဖြေဘဲ သူ့နှလုံးကို ပုံမှန်ဖြစ်အောင် အရင်ကြိုးစားနေရတယ်။ ဝမ်ဧကရာဇ်နဲ့ အတူနေတာ ကြာရင် သူ နှလုံးရောဂါတောင် အစပြုလာနိုင်တယ်။
ဝမ်ဧကရာဇ်က ရှောင်းကျန့်ကို တည့်တည့် ထိုင်ခိုင်းပြီး အပေါ်ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြင်ဆင်ပေးတယ်။
"ကျန့်အာ"
"........"
"တကယ်လို့များ ကိုယ်တော်တို့ စောစောတွေ့ခဲ့ရင် ကိုယ်တော့်ကို ပြန်ချစ်ပေးမှာလား"
ဝမ်ဧကရာဇ်ရဲ့ မျက်ဝန်းတွေက ဝမ်းနည်းရိပ်သန်းနေခဲ့တယ်။ ရှောင်းကျန့်က ဝမ်ဧကရာဇ် စကားကြောင့် တွေဝေသွားတယ်။ ဝမ်ဧကရာဇ်က တကယ့်ကို ချောမောခန့်ညားပြီး သူ့အပေါ်လဲ တော်တော်လေး ကောင်းတယ်။ တကယ်လို့များ သူတို့သာ စောစောစီးစီး တွေ့ခဲ့ရင်၊ ဝမ်ဧကရာဇ်ကသာ ယန်ကို မသိမ်းခဲ့ရင် သူတို့နှစ်ယောက်တကယ်ပဲ ရိုးရှင်းလှပတဲ့ အချစ်တစ်ခုကို ရရှိနိုင်မလား။ ဒါပေမဲ့ ဒါက စိတ်ကူးသက်သက်ပဲ၊ လက်တွေ့မှာ ဝမ်ဧကရာဇ်က သူ့အတွက် အကြီးမားဆုံး ရန်သူဖြစ်နေတုန်းပဲ။ ရှောင်းကျန့်က သိပ်ကို ထက်မြက်လွန်းတာကြောင့် ဝမ်ဧကရာဇ်ကို ဒွိဟဖြစ်စေမဲ့ အဖြေမျိုး ပေးခဲ့တယ်။
"ကျွန်တော် မသိဘူး၊ အခု အရှင်က ကျွန်တော့်ကို အတင်းအကြပ် သိမ်းပိုက်ထားတာကြောင့် ကျွန်တော်က အချစ်ဆိုတာကို ကြောက်တောင် ကြောက်နေပြီ၊ အကယ်၍ ယန်က မပျက်စီးခဲ့ရင်တော့.."
ရှောင်းကျန့်က မပြောသေးဘဲ ရပ်လိုက်ပြီး ဝမ်ဧကရာဇ်ကို အကဲခတ်ကြည့်ရှုနေခဲ့တယ်။ ဝမ်ဧကရာဇ်က မျှော်လင့်ချက်အပြည့်ပါတဲ့ မျက်ဝန်းတောက်တောက်လေးတွေနဲ့ သူ့ကို ကြည်ပြီး မေးခဲ့တယ်။
YOU ARE READING
Dancing Phoenix (Completed)