Unicode Version
အပိုင်း ၉
အချိန်တွေက ကုန်တာ မြန်လွန်းလို့ တစ်လဆိုတဲ့အချိန်က ခနလေးအတွင်း ပြည့်သွားခဲ့ပြီ။ ရှောင်းကျန့်ကလည်း ဒီတစ်လအတွင်း အတော်လေး နေသားကျလာပြီး အဆင်ပြေလာခဲ့တယ်။ အဓိကကတော့ သူ့ကို ဘယ်သူမှ လာမနှောင့်ယှက်တာကြောင့်ပဲ၊ ဝမ်ဧကရာဇ် မရှိတဲ့ကမ္ဘာက သူ့ကို ပျော်ရွှင်စေတယ်။ ဝမ်ဧကရာဇ်ကို မုန်းတယ်လို့ တစ်ချိန်လုံး ပြောနေတဲ့ ရှောင်းကျန့်က ဝမ်ဧကရာဇ်အကြောင်းကို တစ်ချိန်လုံး တွေးနေပါသတဲ့။
ဒီနေ့ ရှောင်းကျန့် ကရမဲ့ ပွဲတစ်ပွဲရှိတယ်၊ မန်နေဂျာရဲ့ တူမနဲ့ အတူတူ စုံတွဲ တွဲကရမှာ ဖြစ်ပြီး ကပွဲက ငါးရက်ဆက်တိုက် လုပ်မယ်လို့ ယွီပင်းက ပြောပြထားတယ်။ သူ့အဖေ ရှောင်ယဲ့ဝမ်ကတော့ ပေကျင်းကို ပြန်သွားပြီ။
ရှောင်းကျန့်က မိတ်ကပ်လိမ်းတဲ့ ခုံမှာ ထိုင်ရင်း သူ့မိတ်ကပ်ဆရာကို စောင့်နေတယ်။ သူက မှန်ထဲကို တစ်ချက်ကြည့်လိုက်တော့ ကြည်လင်နေတဲ့ မှန်ပြင်မှာ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။
"ဒီခေတ်က တအားကောင်းတာပဲ...အနည်းဆုံးတော့ ကိုယ့်ရုပ်ကို ဒီလောက်ထိ ရှင်းရှင်းလင်းလင်း မြင်ရတယ်၊ ပန်းချီဆွဲစရာမလိုဘဲ ဓာတ်ပုံတွေ အများကြီး ထုတ်လို့လဲ ရတယ်"
ရှောင်းကျန့်က သူ့လက်ထဲက ပိတ်စပေါ်မှာ ပန်းချီဆွဲထားတဲ့ ယပ်တောင်ကို တဖြတ်ဖြတ်ခတ်ရင်း ခပ်တိုးတိုးရေရွတ်လိုက်တယ်။
"ရှောင်းကျန့်...မတွေ့တာ ကြာပြီ...ဘာလဲ အရင်ကခြေထောက်ခေါက်လဲတာ ကောင်းသွားပြီလား"
သူ့နံဘေးမှာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်က လာရပ်ရင်း သူ့ကို ခနဲ့တယ်။ ရှောင်းကျန့် မော့ကြည့်လိုက်တော့ မန်နေဂျာရဲ့ တူမ၊ ကုပိုင်ယွဲ့ ဖြစ်နေတယ်။ အရင်ရှောင်းကျန့်ဆိုရင်တော့ သူ့ကို ဘယ်သူ ဘာပြောပြော၊ ဘယ်လို အနိုင်ကျင့်ကျင့် ငြိမ်ခံနေပြီး အမြဲ ပြုံးနေမှာပဲ။ ဒါပေမဲ့ သူက အရင်ရှောင်းကျန့်မဟုတ်ဘူး၊ အရင်ဘဝက ဝမ်ဧကရာဇ်ရဲ့ မောင်းမဆောင် တစ်ခုလုံးက သူ့ကို ဦးတည်ပြီး တိုက်ခိုက်တာတောင် သူက မျက်နှာတစ်ချက်မပျက်ဘဲ အငှားဓားနဲ့ လူသတ်ခဲ့သေးတာ၊ မင်းလာစတဲ့ လူ မှားသွားပြီ မိန်းကလေး။
YOU ARE READING
Dancing Phoenix (Completed)