အပိုင်း ၅

3.3K 330 7
                                    

Unicode Version

အပိုင်း ၅

ရှောင်းကျန့် နိုးလာတော့ သူနဲ့ စိမ်းသက်နေတဲ့ အခန်းအပြင်အဆင်ကြောင့် မျက်မှောင်ကြုံ့လိုက်မိတယ်။ ပထမတစ်ကြိမ် သူ မရင်းနှီးတဲ့ ပတ်ဝန်းကျင်မှာ နိုးလာတုန်းက နိုးနိုးချင်းဘဲ ကလိုက်ရတယ်။ အဲ့ဒါကြောင့် သူက နောက်ထပ်တစ်ဘဝကို ရောက်သွားတာ မဟုတ်ဖို့ပဲ ဆုတောင်းနေလိုက်တော့တယ်။ သူ့ရဲ့ ဦးနှောက်ကို အချိန်တော်တော်ကြာ အလုပ်ပေးပြီးတဲ့အချိန်မှာတော့ သူက ဝမ်ရိပေါ်နဲ့ အချေအတင်ဖြစ်ရင်း မေ့လဲသွားတာကို သတိရလိုက်တယ်။

ရှောင်းကျန့်က သူ့ကိုယ်ပေါ်က အဝတ်အစားကို ကြည့်ပြီး မျက်နှာလေး မဲ့သွားတယ်။ သူ့ကို ဘယ်သူက အဝတ်အစား လဲပေးထားတာလဲ၊ ပြီးတော့ ဘာလို့ တစ်ထပ်တည်း ဝတ်ပေးထားရတာလဲ၊ သူက အရင်ကဆို ညအိပ်ဖို့ဆိုရင်တောင် အနည်းဆုံး နှစ်ထပ်လောက် ဝတ်လေ့ရှိတယ်။

ရှောင်းကျန့်က ခုတင်ပေါ်ကနေ ထလိုက်ပြီး အခန်းတံခါးကို တွန်းဖွင့်လိုက်တယ်။ ပြီးတော့ သူ့မျက်စိရှေ့မှာ ရှိနေတဲ့ လမ်းအတိုင်း လိုက်လျှောက်လာခဲ့တယ်။ လမ်းရဲ့အဆုံးမှာ လှေကားအကြီးကြီးတစ်ခုကို တွေ့တော့ သူက အိမ်အတွင်းဝရန်တာကနေ အိမ်အောက်ထပ်ကို လှမ်းကြည့်လိုက်မိတယ်။ အိမ်က အတော်လေး ကျယ်ဝန်းပြီး ခန်းနားတယ်။ လှေကားကလည်း ခွေထားတာ အတော်လေး လှပတယ်။

၂၀ ရာစုမှာလဲ ဒီလိုခမ်းနားတဲ့ အိမ်တွေ ရှိသေးတာပဲ

ရှောင်းကျန့်က တွေးလိုက်ပြီး လှေကားအတိုင်းဆင်းလာခဲ့တယ်။ အိမ်အောက်ကို ရောက်တော့ အတော်လေး သပ်ရပ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဧည့်ခန်းတစ်ခုကို တွေ့တာကြောင့် သူ ပတ်ချာလှည့်ပြီး ကြည့်လိုက်မိတယ်။

ဒါ ဘယ်နေရာလဲ...ကြည့်ရတာ အရင်က ငါ ဒီကို မရောက်ဖူးဘူး ထင်တယ် မှတ်ဉာဏ်ထဲမှာ မရှိဘူး

ရှောင်းကျန့် သူ့ဘာသာ အတွေးလွန်နေတုန်းမှာပဲ သူ့အနောက်နားကနေ အသံတစ်သံ ထွက်လာခဲ့တယ်။

"ဧည့်သည်တော် သတိရလာပြီလား...သခင်လေးက မနက်စာ စားဖို့ အခုပဲ နှိုးခိုင်းနေတာ"

Dancing Phoenix (Completed)Where stories live. Discover now