Unicode
ကူလင်းစားသောက်ဆိုင်ကိုချုးလျန်ကိုယ်တိုင်ရေးဆွဲထားသောအစီအစဉ်သစ်များနဲ့ပြန်လည်ပြုပြင်လိုက်တယ်။မွမ်းမံပြင်ဆင်ပြီးနောက် မန်နေဂျာကျင်းကိုခေါ်ကာဆိုင်ရဲ့ဘေးတစ်ဖက်စီမှာ လူနေအိမ်နှစ်လူံးဝယ်ယူဖို့ညွှန်ကြားလိုက်တယ်။
ကူလင်းစားသောက်ဆိုင်ရဲ့အဝင်မှာ နဂိုအတိုင်းမပြောင်းမလဲတည်ရှိနေသော်လည်းအတွင်းပိုင်းမှာမူလုံးဝကွာခြားသွားပြီဖြစ်တယ်။
အနောက်ဖက်ပိုင်းကိုဟောခန်းကျယ်နှစ်ခုအဖြစ်ေနောက်ဖက်ပိုင်းကိုဟောခန်းကျယ်နှစ်ခုအဖြစ်ပြောင်းလဲပီး လှပတဲ့တောင်ပုံသဏ္ဍာန်နဲ့ ရှည်လျားတဲ့စကြင်္ံများနဲ့ဖွဲ့စည်းထားတယ်။
ဆိုင်သည်မြို့တော်မှာရှိသောအဆင်မြင့်အိမ်ရာများနဲ့မယှဉ်နိုင်သော်လည်း ကျန်းနန်၏ရေပေါ်ဒေသကဲ့သို့သန့်ရှင်းသိမ်မွေ့သောလေထုတို့ဖြင့်ဖုံးလွှမ်းထားလေတယ်။
မူလရင်ပြင်နှစ်ခုကိုစားသောက်ရာအခန်းငယ်လေးများအဖြစ်ပြောင်းလဲတည်ဆောက်လိုက်တယ်။
အခန်းတစ်ခုစီတွင်သက်ဆိုင်ရာပရိဘောဂများဖြင့် ဆင်ယင်ထားတယ်။
အချို့မှာရိုးရှင်းပြီး ရှေးဆန်တယ်၊အချို့မှာမူရှင်းလင်းပြီးခံ့ညားလှပသည်၊အချို့အခန်းများကိုတော့ခေတ်သစ်ဂျပန်စားသောက်ဆိုင်များ၏ပုံစံတူကိုမှီငြမ်းဖွဲ့စည်းထားတယ်။
အခန်းတစ်ခုစီတစ်ခုစီတိုင်ကိုယ်ပိုင်ပြိုင်ဘက်ကင်းအလှအပများဖြင့်ဖွဲ့စည်းပုံဖော်ထားတယ်။
လာရောက်စားသုံးသူများအဆင်ပြေစေရန်အတွက်အတွင်းပိုင်းနေရာများကိုအမျိုးသမီးများအတွက်ထားရှိပြီးအပြင်ဘက်ပိုင်းကိုမူ အမျိုးသားများအတွက် ဝန်ဆောင်အသုံးပြုထားတယ်။
စနစ်တကျဖွဲ့စည်းထားသောအခန်းငယ်လေးများကိုမူကား အဆင့်မြင့်ဧည့်သည်များအတွက်ရည်ရွယ်တည်ဆောက်ထားလေတယ်။
ပုံမှန်စားသောက်ရန်လာသောဧည့်သည်များကိုကား ပင်မခန်းမကျယ်နှင့်ဒုတိယထပ်တွင်နေရာချထားပေးတယ်။
YOU ARE READING
Transmigrator meets reincarnator (mmtranslation)
Historical FictionTitle: Transmigrator meets reincarnator Not my own story.Just translation. Credits to: Written by:Snow Mountain Mists Translated by:timebun, Premonition,Myst Edited by: renderedreversed Total-340chapters Start date-10.7.2021