118(part 1)

1.2K 293 12
                                    

Unicode

ချူးလျန်ကလည်း မင်းသမီးဝေက သူမကို ဘာလို့
တအားဂရုစိုက်နေလဲ မသိပေမယ့်လို့ ဒီဂရုစိုက်မှုတွေက အတုအယောင်မဟုတ်ဘူးဆိုတာတော့ သိတယ်လေ။

ချူးလျန်နဲ့ မင်းသမီးတွမ့်ကျားက Songtaoအဆောင်မှာဘဲ ပျော်ရွှင်စွာနဲ့ စကားလက်ဆုံကျနေကြတယ်။ ပြီးတော့ အချိန်ကျလာတာနဲ့ ချူးလျန်က မင်းသမီး
တွမ့်ကျားကို သခင်မကြီးဟေးရဲ့ ကျင်းချီခန်းမ ဆီကို ခေါ်လာတယ်။

သူတို့ ကျင်းချီခန်းမရဲ့ ဝင်ပေါက်နားကိုရောက်တော့ အမျိုးသမီးထုကြီးက ပျော်ပျော်ရွှင်ရွှင်နဲ့ ရောက်တတ်ရာရာတွေ စကားဖောင်ဖွဲ့နေတာကို ကြားလိုက်ရတယ်။

မင်းသမီးတွမ့်ကျားကလည်း အထဲကအသံတွေကို စပ်စုလိုစိတ်နဲ့ ချူးလျန်ရဲ့ လက်ကိုဆွဲထားပြီးမေးတော့တယ် "ဒီအသံ‌တွေအရ အထဲမှာ အမျိုးသမီးငယ်လေးတွေ အများကြီး ရှိပုံပေါ်တယ်"

လှည့်ဖြားတတ်တဲ့ အကြည့်လေးတချက်က ချူးလျန်ရဲ့ မျက်ဝန်းတွေထဲမှာ ထင်ဟပ်သွားတယ်၊ပြီး‌ေတာ့ကျီစယ်လိုတဲ့ အပြုံးလေးနဲ့  "မင်းသမီး ဒီနေ့ ဒုတိယအကို ကိုမတွေ့ခဲ့ဘူးလား၊ ငါထင်တာတော့ အဘွားက ဒီအခွင့်အရေးကို သုံးပြီး ဒုတိယအကိုအတွက် သတို့သမီးလောင်း ရှာဖွေနေတာဖြစ်ရမယ်"

အာ?

ဟေးချန်ကျူအတွက် သတို့သမီး ရှာနေတာလား?

ဒီစကားလေးတခွန်းကြားလိုက်တာနဲ့ ကို မင်းသမီး
တွမ့်ကျားရဲ့ စိတ်တွေ ပြိုလဲသွားသလိုဘဲ။

ချူးလျန်ကတော့ မင်းသမီးတွမ့်ကျားက ဒီအခြေနေကိုသိပ် နားမလည်ဘူးထင်ပြီး အိမ်တော်ရဲ့ လက်ရှိ အခြေအနေကို ထပ်ရှင်းပြလာတယ်" မင်းသမီးလေး နင်ကတော့ ဒီအကြောင်းတွေ သိမာ မဟုတ်ဘူး ၊ဒုတိယအကိုက အိမ်တော်ကို တော်ရုံနဲ့ ပြန်မလာဘူး၊အဘွားတောင်မှ သူ့ကို မဖျောင်းဖျနိုင်ဘူး၊ ဒါပေမယ့် သူက ကျင်းအန်အိမ်တော်ရဲ့ တရားဝင်သား
တစ်ယောက်လေ တသက်လုံးတယောက်ထဲ ဘယ်နေလို့ရမလဲ၊ဒါကြောင့် အဘွားက အမေ့ရဲ့ မွေးနေ့ပွဲကို ဆင်ခြေပေးပြီး ဖိတ်ထားတဲ့ အိမ်တော်တွေကို သမီးပျိုလေးတွေပါ ခေါ်ဆောင်လာခိုင်းလိုက်တာဘဲ"

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now