126(part 2)

1.2K 320 11
                                    

Unicode

ချူးလျန်မြောက်ပိုင်းကို ထွက်ခွာတဲ့ နေ့မှာ ယင်အိမ်တော်မှာတော့ ပျော်ပွဲရွှင်ပွဲ အသံတွေနဲ့ ဆူညံလို့နေတယ်၊မနက်အစောကြီးကတည်းက  အိမ်တော် တံခါးကို ဖွင့်ထားပြီး လာရောက်တဲ့ ဧည့်သည်တွေကို ကြိုဆိုလို့နေတယ်၊ အမျိုးသားအစေခံတွေနဲ့ တံခါးစောင့်တွေတောင်မှ ဝတ်စုံအသစ်တွေကို ဝတ်ဆင်လို့ထားတယ်။

ဒီလို ကြီးကြီးကျယ်ကျယ် ကျင်းပနေတာကို ကြည့်ခြင်းအားဖြင့် ကျဆင်းလုဆဲ ဖြစ်နေတဲ့ ယင်အိမ်တော်ရဲ့ ပုံရိပ်ကို ရှောင်ပိုကျင်းက ထပ်ပြီး မြင့်တက်စေခဲ့မှန်းသိသာတယ်။

ယင်အိမ်တော်ရဲ့ မင်္ဂလာဆောင် အခမ်းအနားတွေတောင်မှ ဒီလောက်ထိ မကြီးကျယ်ဘူး။

ဧည့်သည်တွေ စုံလင်လို့ မနက်11‌နာရီထိုးတော့ တံခါးတွေကို ပိတ်လိုက်ပြီး ပင်မ ခန်းမထဲမှာ စုဝေးကာ မြို့စားအိုယင်ကို လက်ဆောင်ပစ္စည်းတွေ ပေးအပ်နေကြတယ်။

ယင်အိမ်တော် အပြင်ဆောင်က စာသင်သားတစ်ယောက်အနေနဲ့ ရှောင်ပိုကျင်းတောင်မှဘဲ ချည်ထိုးဝတ်ရုံကို ဝတ်ဆင်လို့ ထားတယ်၊ သူ့ခေါင်းပေါ်မှာလည်း ကျောက်စိမ်းဖြူ ဆံပတ်နဲ့ စည်းနှောင်ထားတယ်၊ သူ့ရဲ့ ပုံမှန် ခပ်ကျဉ်းကျဉ်းမျက်ဝန်းတွေထဲမှာတောင် အားငယ်မှုန်မှိုင်ခြင်း အလျဉ်းမရှိဘဲ အားအင်တွေ ပြည့်ဝလို့နေတယ်။

သူနဲ့ ရွယ်တူတွေကြားမှာ သူက အဆင့်အမြင့်ဆုံးဖြစ်လို့နေတော့ တောင်မြင့်အပေါ်ကနေ စီးပြီး ငုံကြည့်နေရသလို ခံစားနေရတယ် ၊ ဘယ်လောက်တောင်မှ ဝင့်ကြွားပြီး ဂုဏ်ယူနေမလဲဆိုတာ‌တွေးကြည့်စရာတောင် လိုမယ်မထင်ဘူး။

ရှောင်ပိုကျင်းရဲ့ ဖဲကြိုးခါးပတ်မှာတော့ ကျောက်စိမ်းလက်ဖွဲ့ ‌လေးတစ်ခုကို ချိတ်ဆွဲလို့ထားတယ်၊ ဒါလေးကို သူကောက်ရကတည်းက တယုတယနဲ့ အမြဲ ပွတ်သပ်နေမိတယ်။

သူ့ကိုယ်သူ ပြင်ဆင်လို့လည်း ပြီးတော့ တယောက်ယောက်က အပြင်ကနေ စာကြည့်ခန်းတံခါးကို လာခေါက်တော့တယ်။

အပြင်ကလူက ခေါင်းညွှတ်ပြီး သူနဲ့ မျက်လုံးချင်းဆုံဖို့တောင် မဝင့်ရဲဘဲ ဆိုလာတယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now