125(part 1)

1.1K 303 9
                                    

Unicode

မြို့တော်ကနေ မြောက်ပိုင်းကို သွားဖို့အတွက် ကုန်သည်အများစုက အစိုးရပိုင်လမ်းမကြီးကို ရွေးချယ်ကြတယ်၊ ဒီလမ်းမကြီးတလျှောက်မှာ အဓိက မြို့ကြီးတွေနဲ့ မြို့နယ်တွေရှိနေတော့ စီးပွားရေးလုပ်ဖို့ရော လမ်းတထောက် ဝင်နားဖို့ပါ အဆင်ပြေလှတယ်။

ဒါပေမာ့် ချူးလျန်တို့ လူစုက မြောက်ပိုင်းကို အရေးတကြီးသွားရမှာဖြစ်တော့ လမ်းမကြီးကို ဖြတ်နေလို့မဖြစ်ဘူး ၊သူတို့က ခပ်သွက်သွက်သွားနိုင်မှဖြစ်မယ်၊ ပြီးတော့ ဝါဂွမ်းထည်တွေနဲ့ စောင်အချို့ကိုပါ သယ်ရအုံးမှာဆိုတော့ အခြားဝန်စည်တွေ အများကြီးသယ်လို့မဖြစ်ဘူး။

ဒီတော့ သခင်မကြီးဟေးနဲ့ ဟေးချန်ကျီတို့က အိမ်တော်ရဲ့ သီးသန့်တပ်သားတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လျန်ကျိုးကို ဦးတည်တဲ့ လမ်းငယ်လေးတစ်ခုကို ရွေးချယ်လိုက်တယ်။

ဒီလမ်းက မြို့တော်ရဲ့ အစွန်အဖျားကနေပြီးတော့ မြောက်ပိုင်းရဲ့ ကုန်းတွင်းပိုင်းဒေသဆီကို တိုက်ရိုက်ရောက်တယ်၊ ဒီလမ်းတလျှောက်မှာ သူတို့ နားခိုဖို့ ရွာတွေ သိပ်မရှိတဲ့အပြင် အနီးအနားမှာ ရေတောင် ရဖို့မလွယ်လှဘူး၊ အရေးကြီးဆုံးက သူတို့က တောင်တန်းတွေပေါ်က ဖြတ်သွားရမှာ ဖြစ်တော့ နောက်လိုက်တွေအနေနဲ့ ရိက္ခာကို လုံလုံလောက်လောက်သယ်တာဖြစ်ဖြစ် မုဆိုးတွေလို ရိက္ခာ ရှာနိုင်တဲ့ စွမ်းရည်ဖြစ်ဖြစ် ရှိ‌ဖို့လိုတယ်။

ပြီးတော့ မြင်းကောင်းတွေရှိနေသရွေ့တော့ ဒီလမ်းငယ်လေးက သွားခြင်းက အချိန်ကုန် သက်သာစေတယ်၊ လျန်ကျိုးကို ရောက်ဖို့10ရက်ကနေ ရက်20အထိဘဲ ကြာလိမ့်မယ်၊ ဒါက လမ်းမကြီးကနေသွားတာထက်စာရင် သူတို့အချိန်ကို သုံးပုံနှစ်ပုံလောက်ထိ သက်သာသွားစေတယ်။

တဖြည်ဖြည်းနဲ့ သွားဖို့ ရက်က နီးနီးလာတော့
ချူးလျန်က အချိန်တစက္ကန့်လေးတောင်မှ ဖြုန်းတီးမနေတော့ဘူး၊သူမက နေမထွက်ခင်ထပြီး အဆက်မပြတ် လေ့ကျင့်တယ်၊ အခုဆို ဝမ်ချင်နဲ့ ဝမ်လန်သင်ပေးတဲ့ ကိုယ်ခံပညာတွေနဲ့ တောင် အတော်လေး တတ်မြောက်နေပြီ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now