146

1.5K 312 10
                                    

Unicode

ဟေးစန်းလန်လည်း ရေအကြာကြီး ဆက်ချိုးမနေတော့ဘူး၊ သူက ချူးလျန် အစေခံတွေကို ပြင်ခိုင်းထားတဲ့ အတွင်းဝတ်တွေနဲ့ ဝတ်စုံ အသစ်တွေကို လဲဝတ်လိုက်တယ်။

သူ့ဆံပင်ရှည်တွေကိုလည်း ဖြစ်သလိုဘဲ အဝတ်နဲ့ သုတ်လိုက်ပြီး သစ်သားဆံထိုးတစ်ခုနဲ့ ထိုးထားလိုက်တယ်၊ နောက်ပြီး မျက်နှာပေါ်က မုတ်ဆိတ်တွေကိုပါ ရိတ်ပစ်လိုက်တော့ အရင်ကလို သပ်ရပ်ပြီး သန့်ရှင်းတဲ့ သူ့ အသွင်အပြင်က ပြန်ပေါ်လာတယ်။

ဟေးစန်းလန် အသက်က အခုနှစ်မှ 20ပြည့်မှာဖြစ်တယ်၊မြောက်ပိူင်းစစ်တပ်ထဲမှာ လပိုင်းလောက်နေလိုက်ရတော့ သူ့အရပ်က အတော်အတန် ရှည်လာတယ်၊ နောက်ပြီး သူ့ပုံစံက ပိုရင့်ကျက်ပြီး ထက်မြတ်လာသလိုဘဲ၊ သူ့ရဲ့ မျက်လုံးတွေမှာ မျက်တောင်ရှည်တွေက အရိပ်ထင်နေတယ်၊သူ့ မျက်ဝန်းတွေက ရေကန်နက်ကြီး တစ်ခုလိုဘဲ နက်ရှိုင်းလွန်းတယ်။

ဟေးစန်းလန်က သူ့ရဲ့ ပြောင်ရှင်းသွားတဲ့ မေးစေ့ကို ပွတ်ကြည့်မိတယ်၊ သူက မုတ်ဆိတ်တွေကို မျက်နှာဖုံးလို အကြာကြီး ဝတ်ဆင်ထားခဲ့တော့ အခုက နည်းနည်းတော့ မသက်မသာဖြစ်နေသလိူဘဲ၊ ဒါပေမယ့် သူမြန်မြန်ဘဲ ကျင့်သားရသွားပြီး သူ့ရဲ့ အနည်းငယ်တွန့်ကြေနေတဲ့ အဝတ်အစားတွေကို ဆွဲဆန့်လိုက်တယ်၊ နောက်တော့ တံခါးကို ဖွင့်လို့ အခန်းထဲကို ဝင်သွားတော့တယ်။

ဟေးချန်ဒီ အခန်းထဲကို ဝင်လာတဲ့ အချိန်မှာ ချူးလျန်က ဆေးသောက်နေတယ်၊ ဒီဆေးစွတ်ပြုတ်က တကယ်ကို ခါးလွန်းတယ်၊ ဒါကို အရသာခံမိတာနဲ့ ချူးလျန် မျက်နှာလေးက ရှုံ့တွ သွားတော့တာဘဲ၊ဟေးချန်ဒီကလည်း သူမ ဆေးကို ခက်ခက်ခဲခဲနဲ့ မရမကသောက်နေတဲ့ ပုံကို တံခါးဝနေ ‌ရပ်ကြည့်နေတယိ။

ချူးလျန်က တရုတ်ဆေးဝါးတွေကို သောက်ရတာကို သဘောမကျပေမယ့် သူတို့က တကယ်လိုအပ်မှန်းသိတော့ ဘယ်တော့မှ ငြင်းလေ့မရှိဘူး၊ ဒါပေမယ့် မငြင်းဘူးဆိူတိုင်း ကြိုက်နေတာ မဟုတ်ဘူးလေ၊ သူမ အမြဲတမ်းဆေးသောက်ပြီးတိုင်း သကြားရည်လောင်းထားတဲ့စွံပလွံသီး လေးတွေ စားလေ့ရှိတယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now