117(part 2)

1.2K 309 7
                                    

Unicode

ချူးလျန်ကလည်း မင်းသမီးတွမ့်ကျားက စောစောလာမယ်လို့ သိထားတော့ သူမအတွက် ကြက်သားဆန်ပြုတ်ကို ချက်ပေးနေတယ်။

ဒါ့အပြင် မင်းသမီးတွမ့်ကျား ကြိုက်တဲ့ ဘန်းမုန့်လေးတွေကို ပိုလုပ်ထားဖို့ပါ ရှီယန်ကို ညွှန်ကြားလိုက်တယ်။ပြီးမှ သူမ အခန်းဆီ ပြန်ပြီး အကျီသွားလဲတော့တယ်။

သူမ လဲဝတ်လို့ အပြီးမှာဘဲ Songtaoအဆောင်ဝင်ပေါက်ကနေ ဆူဆူညံညံတွေ ကြားရတော့တာဘဲ။

မင်းသမီးတွမ့်ကျားကလည်း သူမမှာ ဖြစ်ပျက်ခဲ့သမျှကို ချူးလျန်ကို တခုမကျန် ပြန်ပြောပြလိုက်တယ် ။ဒါက ချူးလျန်ကို တကယ်ဘဲ ထိတ်လန့်သွားစေတယ်။ ဒုတိယအကို အချိန်ကိုက်ရောက်လာတာ တကယ်ကို ကံကောင်းသွားတာဘဲ။ မတော်လို့ တော်ဝင်မင်းသမီးတွမ့်ကျားသာ တကယ် ပြုတ်ကျသွားခဲ့ရင် ကောင်းကျိုး တစ်ခုမှ မရှိနိုင်ဘူး။

ချူးလျန်က ဝမ်ချင်းနဲ့ ဝမ်လန်ကို ခေါ်ပြီး မနက်စာမစားခင် မင်းသမီးတွမ့်ကျား ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲဖို့ ကူညီ‌ခိုင်းလိုက်တယ်။

မင်းသမီးတွမ့်ကျားက နှုတ်ခမ်းစူထားပြီး ပြောတယ် "ချူးလျန် နင်ဟင်းချက်တာကို ကြည့်ရမယ့် အခွင့်အရေးက ထပ်လွဲသွားပြန်ပြီ"

ချူးလျန်မှာ တကယ်ကို မှင်သက်မိသွားတယ် "မင်းသမီး ချက်ပြီးသားတွေ အဆင်သင့်စားနေရတာ ပိုအဆင်မပြေဘူးလား? ဘာလို့များ ငါဟင်းချက်တာကို ကြည့်ချင်နေရတာတုန်း? ကိုယ်တိုင်ချက်ကြည့်ချင်တယ်လို့တော့ မပြောနဲ့နော် ၊ တကယ်ချက်ကြည့်ချင်တယ်ဆိုရင်တော့ လွယ်ပါတယ်၊ ငါရဲ့ ဟင်းချက်နည်း အချို့ကို နင့်ကိုရေးပေးလိုက်မယ်လေ နင့်အိမ်တော်က စာဖိုမှုးတွေကို သင်ခိုင်းလိုက်ပေါ့"

မင်းသမီးတွမ့်ကျားက မြန်မြန်ဘဲ ခေါင်းယမ်းပြပြီးတော့ "ငါက ဘယ်လိုချက်ရမလဲဆိုတာကို မသိချင်ပါဘူး၊ ဒါတွေက တကယ်ကို အလုပ်ရှုပ်လွန်းတယ်၊ကောင်းတာလေးတွေ စားချင်လာရင် နင့်ဆီဘဲ လာပြီး ချက်ခိုင်းမယ်လေ၊ နင်ကရော ငါ့စားချင်တဲ့ အချိန်တိုင်း ငါ့ဖို့ ချက်ပေးမယ်မလားဟင်?"

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now