142

1.3K 312 5
                                    

Unicode

ဟေးစန်းလန်က နှုတ်ခမ်းကို မဲ့ပြီး တဖျက်ကို လှည့်သွားတယ်၊ သူအခုချိန်မှာ ဒီလို အစားကြူး‌ေကာင်ရှောင်ဟုန်ယုနဲ့ စကားပြောချင်စိတ်ကိုမရှိဘူး။

ချူးလျန်က မြို့ငယ်လေးမှာနေပြီး အားဖြည့် အနားယူနေတုန်းမှာဘဲ ထန်းယန်နဲ့ ကျန်အဖွဲ့တွေက လိုက်မှီလာခဲ့ပြီ။

ချူးလျန်တို့တွေက လူရိုင်းတွေရဲ့ လုယက်ခြင်းကို ခံ့ခဲ့ရပေမယ့်လည်း ဟေးချန်ဒီ‌လာရောက်ကယ်ဆယ်ပြီးနောက်မှာတော့ အရာအားလုံးက လုံခြုံသွားခဲ့တယ်။

ထန်းယန်တို့ မြို့ကို ရောက်ပြီး ချူးလျန်က တုဟွန်းတွေဆီက ခြုံခိုတိုက်ခံရပြီး ဒဏ်ရာရသွားတယ်လို့ကြားတော့ မှင်သက်သွားတယ်၊ ထန်းယန်က ဒီကျန်တဲ့ ခရီးလမ်းမှာ ဘယ်တော့မှ နောက်ချန်မနေခဲ့တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

အဖွဲ့ထဲက လူတိုင်းက ဒဏ်ရာတွေ အကုန်အစင် မပျောက်ကင်းသေးကြပေမယ့် သူတို့ ဒီမြို့ငယ်လေးမှာ တည်းခိုနေကြတာ 4ရက်ကြာခဲ့ပြီ ဖြစ်တယ်၊ ဒီတော့ သူတိူ့ခရီးစဉ်ကို ပြန်လည်စတင်လိုက်ကြတယ်၊ သူတို့တွေမှာ စစ်တပ်အတွက်အမည်ခံထားတဲ့ ဆောင်းရာသီ သုံးပစ္စည်းတွေ ရှိနေသေးတော့ ဒါတွေကို အတတ်နိုင်ဆုံး အမြန်ရောက်အောင်ပို့မှ ဖြစ်မယ်။

ချူးလျန်တို့ အဖွဲ့ လျန်ကျိုး မြို့နားကို နီးလာလေလေ ပတ်ဝန်းကျင်က ပိုပြီးလူသူကင်းမဲ့လာတယ်၊ သူတို့တွေ လျန်ကျိုးမြို့ပြင်ကို ရောက်တော့ ချူးလျန်က ပျက်စီးယိုယွင်းနေပုံရတဲ့ မြို့ကြီးကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိတယ်။

ဒါကို မြို့ကြီး တစ်မြို့လို့ ဘယ်လိုခေါ်နိုင်တော့မှာလဲ?
ဝူအင်ပါယာ မြို့တော်က မြို့ငယ်လေးတွေတောင် ဒီထက်ပို ခမ်းနားပါသေးတယ်၊မြို့ရဲ့ နံရံတွေကို ရွှံ့တွေနဲ့ လုပ်ထားပြီးတော့ လေတိုက်တိုင်း မြေကြီးရဲ့ အနံ့ကိုရနေတယ်၊ မြို့ရိုး နံရံတွေကလည်း ကွဲအက်နေပြီး မြို့သူမြို့သားတစ်ယောက်တလေတောင် တွေ့မြင်ဖို့ မလွယ်လှဘူး၊ တယောက်စ နှစ်ယောက်စက လမ်းပေါ်ကနေ ခပ်သုတ်သုတ် ပြေးလွှားနေကြပြီးတော့ သူတို့ခန္ဓာကိုယ်တွေကလည်း ပိန်လှီပြီး အသားအရည်က ဝါကြင့်ကြင့် ဖြစ်နေတယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now