ခ်စ္ စာလႊာ(Unicode)

230 33 3
                                    

သို့ ။ ။ 
အရှေ့ပိုင်းစစ်ဌာနခွဲ ၊
 တောင်ပိုင်းတပ်ရင်း၊ ဆေးတပ်ခွဲ၊
ဆေးတပ်မှူး ၊
ဒေါက်တာ ချန်းယောလ် ။

မှ။ ။
အရှေ့ပိုင်းစစ်ဌာနချုပ် ၊
အရှေ့ပိုင်းစစ်ဘက်ဆိုင်ရာဆေးတပ်ရင်း ၊
တောင်ပိုင်းဆေးတပ်ခွဲ ၊
ဆေးတပ်ကြပ် (နား) ၊
ဒေါက်တာ ဘတ်ဟျွန်း ။

ရက်စွဲ ။ ။ ၁၄ရက် ၊ ဇွန် ၊ ၁၈၉၈ ။

…………

ကိုကို…… မင်း မှတ်မိလား…… ။

ဘိုးဘိုးက ငါတို့ကို ပြောဖူးတယ် ။*မင်းတို့နှစ်ယောက်ဟာ ကောင်းကင်ကနေ ကြွေကျလာတဲ့ ကြယ်အမွှာတစ်စုံပဲ…* တဲ့… ။

ဟုတ်တယ်နော်… ငါ့အဒေါ်ဗိုက်ထဲက မင်းထွက်လာတဲ့နေ့က ၆လပိုင်း ၁၄ရက် ၁၈၆၄ … ။ မင်းအဒေါ်ဗိုက်ထဲက ငါ ထွက်လာတဲ့နေ့က
၆လပိုင်း ၁၄ရက် ၁၈၆၅… ။

ငါတို့တွေက မွေးနေ့လည်း အတူတူ…မွေးလလည်း အတူတူ… ငါတို့မွေးပြီး သိပ်မကြာခင်မှာ ငါတို့ အမေတွေ ဆုံးသွားတာလည်း အတူတူ… ။ မင်းက ငါ့ထက် တစ်နှစ်တိတိ စောနေတာက လွဲရင်ပေါ့… ။

ဟာသဥာဏ်ရွှင်တဲ့ ငါ့ဖေဖေကတော့ ငါတို့ကိုနာမည်လှလှပေးတယ် ။ *မျောက်မူးလဲ နဲ့ မျောက်မူးသေ* တဲ့…။
အဲ့တာလည်း ဟုတ်ခဲ့တာပဲ…… ငါတို့နှစ်ယောက်ပေါင်းမိရင် ဘယ်သူမှ ထိန်းမနိုင်အောင် ဆော့ခဲ့ကြတာ… ။

ဘွဲ့နှင်းသဘင်ခန်းမထဲမှာလည်း ငါတို့ခြေရာတွေချည်း… ။လေ့ကျင့်ရေးကွင်းက ပစ္စည်းတွေမှာလည်းငါတို့ရဲ့ ချွေးစက်တွေ ရွဲလို့… ။

တပ်နောက်ဖက်က လေ့ကျင့်ရေးခွေးတွေအတွက်လုပ်ထားတဲ့ မိုင်းတုကွင်းထဲ သွားဆော့ခဲ့ကြသေးတယ်နော်… ။

အဲ့တုန်းက ငါတို့မိုင်းတုတွေနင်းမိကြတော့*သေတော့မှာ*  ဆိုပြီး တယောက်ကိုတယောက်ဖက်ငိုခဲ့ကြတာ… မင်းဖေဖေ ငါတို့ကို အရှိုးရာထင်အောင် ရိုက်ခဲ့တာ… မင်းက ငါ့ထက် ၃ချက်ပို အရိုက်ခံခဲ့တာ…။

ကိုကို… မင်း မှတ်မိသေးလား…… ။

အဲ့တုန်းက ငါတို့အသက်က ……အင်း…… ဟုတ်တယ်……။

မင်းက ၆နှစ်…… ငါက ၅နှစ်…… ။

.
.
.

ကိုကို…
မင်း မှတ်မိလား…… ။

RAINBOW (သက္တံ့တံတား) |[completed]|Hikayelerin yaşadığı yer. Şimdi keşfedin