1.

2.4K 129 3
                                    

Unicode

မိုးရေ တစ်စက် နှစ်စက် သုံးစက်.......။
ဖြည်းဖြည်းချင်းကျဆင်းနေသော မိုးရေစက်များကိုပြတင်းပေါက်တွင်ထိုင်ပြီး ​သူရူးမိုက်စွာ ရေတွက်မိနေလေသည်။သူ့ကိုအရူးလို့ မည်သူမျှ မသတ်မှတ်ကြသလို မည်သူမျှလည်း ဂရုစိုက်ကြသည်မဟုတ်။တစ်ခါတစ်လေ သူ့အားအရေးတယူလုပ်ကာ ဂရုစိုက်ပေးမည့်သူကို လိုချင်ပါသော်လည်း တစ်ခါတစ်လေ ဒီလိုလေး ဂရုမစိုက်တာလည်းကောင်းသည်လို့ပင် တွေးမိသည်။

အိမ်တော်ရှိ လူတွေအားလုံးမှာ ဒီနေ့ညကျင်းပမည့် အထက်တန်းစားပါတီပွဲ တစ်ခုကို ပြာယာပြာယာ ပြင်ဆင်နေကြသည့်အတွက် သူ့လို ကလေးတစ်ယောက်အား ဂရုမပြုမိသည်မှာ အထူးအဆန်းမဟုတ်ပါချေ။မိသားစု၏ယုယမှုကို အဓိကလိုအပ်သည့် သူဖျားနာနေသည့်နေ့တွေမှာတောင်မှ ထိုဂရုစိုက်မှုများကို မရခဲ့သည့်အတွက်ကြောင့် ဤအချိန်ဤသို့ လျစ်လျူရှုခြင်းကို သူအထူးအဆန်းမလုပ်မိတော့။

မိုးရေစက်သံများမဆဲခင်တွင် သူပြတင်းပေါက်ကို စွန့်ခွာပြီး မကြာခင်ကျင်းပမည့် ပွဲအတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ကာ လာခေါ်မည့် အိမ်အထိန်းတော်ကြီးအား စောင့်နေမိသည်။ ဒီလိုအချိန်တွင် ဖေဖေနှင့်မေမေအား လာခေါ်ရန် ဆန္ဒရှိသော်လည်း မဖြစ်နိုင်တဲ့အရာကို မမျှော်လင့်ချင်။ သူ့အသက်ခြောက်နှစ်သာရှိသေးသော်လည်း ဖြစ်နိုင်သည့်အရာနှင့် မဖြစ်နိုင်သည့်အရာတို့ကိုတော့ ကောင်းကောင်းခွဲနိုင်ပါသည်။

" သခင်လေး လာခဲ့လို့ရပါပြီတဲ့ သခင်ကြီးမှာလိုက်ပါတယ် "

သူခေါင်းတစ်ချက်ငြိမ့်ပြကာ အထိန်းတော်လီနဲ့ လက်ကိုဆုပ်ကိုင်မိသည်။ သူ့လိုမှီခိုအားထားစရာမရှိသည့် ကလေးတစ်ယောက်အတွက်တော့ အထိန်းတော်လီ၏ လက်ဖဝါးဟာ လုံခြုံသည်။အားတစ်ခု ဖြစ်​ပေးသည်။အထိန်းတော်လီ၏လက်ကိုဆုပ်ကိုင်ပြီး ဖေဖေနှင့်မေမေ၏ အခန်းရှေ့ရပ်စောင့်နေမိသည်။သေချာပေါက် အထိန်းတော်လီ၏လက်ကို ဆုပ်ကိုင်ထားရင်းနဲ့ပေါ့......။

"မင်းသားကို သေချာပြောထားတယ်မလား ငါဒီပွဲမှာ သူအမှားတစ်ခုခုလုပ်မိမှာ မလိုချင်ဘူးနော်"

𝚂𝚝𝚒𝚕𝚕Where stories live. Discover now