6.

649 89 6
                                    

Unicode

*အစ်ကို့မျက်လုံးကျဉ်းကျဉ်းလေးတွေက လှလိုက်တာ*

*အစ်ကို့နှုတ်ခမ်းပါးလေးက သိပ်ချစ်ဖို့ကောင်းတာပဲ*

*အစ်ကိုက ငါဖုတ်ထားတဲ့ ကိတ်မုန့်တွေကို အရင်လို ကြိုက်ဦးပါ့မလား*

*ဘာပဲဖြစ်ဖြစ် ငါစေတနာနဲ့သေသေချာချာလေး ဖုတ်ထားတာ သိရင်တော့ သူသဘောကျမှာပါ *

အတွေးများဂယောက်ဂယက်တွေးရင်း ဂနာမငြိမ်ဖြစ်နေသူမှာ ယူအိမ်တော်၏သခင်မလေး ယူဆောအာပင်ဖြစ်ပါသည်။
အစ်ကိုရှိရာ မင်အိမ်တော်က ပြန်လာကတည်းက သူတစ်လျှောက်လုံး အူမြူးလာခဲ့ခြင်းဖြစ်သည်။အစ်ကို့၏ ပြင်းပြင်းထန်ထန် ငြင်းဆိုမှုများကို ခံလာရသော်ငြား သူဝမ်းမနည်းမိပါ။ဘာပဲဖြစ်ဖြစ် အစ်ကိုက သူ့ကိုအဖတ်လုပ်စကားပြောသေးတာပဲ..။ရတာလေးနဲ့ပဲ ရောင့်ရဲနိုင်ရမှာပေါ့။

"ယူဆောအာ... "

"........."

"ယူဆောအာလို့ .... "

"....."

"ယူဆောအာ ငါခေါ်နေတာမကြားဘူးလား"

"ရှင်...အော်....ဟုတ်
သတိခဏလွတ်သွားလို့ တောင်းပန်ပါတယ်"

ထမင်းစားပွဲတွင် ထိုင်ကာ ဇွန်းတစ်ချောင်းကို လေပေါ်မြှောက်နေရင်းဖြင့်ပင် ခြေထောက်လှုပ်ရမ်းနေသော သူ့ကို မိခင်ဖြစ်သူမှ လှမ်းငေါက်လိုက်သဖြင့် ဇတ်လေးပု ကာ တောင်းပန်စကားဆိုမိသည်။

"လူကဖြင့် မကြာခင် အိမ်ထောင်သည်ဖြစ်တော့မယ်
ခုထိ ထမင်းစားပွဲမှာ ခြေထောက်မလှုပ်ရဘူး မနှံ့ရဘူးဆိုတဲ့ ဓေလ့ကို ခုထိလျစ်လျူရှုထားတုန်းလား"

"ဟာ မေမေကလည်း....
မေမေတို့ပဲ ဇွတ်အတင်းပေးစားပြီးတော့~~
သမီးကပဲ ဇွတ်အိမ်ထောင်ပြုချင်နေသလိုမျိုး မပြောစမ်းပါနဲ့ "

မေမေ့၏စကားကို သူမကျေနပ်စွာ ပြန်ပြောမိသည်။

"ဒါဆို မင်အိမ်တော်ကသခင်လေးနဲ့ စီစဉ်ထားတဲ့ကိစ္စကို ပြန်ဆွေးနွေးလိုက်ရဦးမလား"

မေမေက သူ့အကြောင်းကို ကောင်းကောင်းသိစွာ မျက်ဝန်းများ တမင်တကာ ကျဉ်းမြောင်းစေရင်း ပြုံးစစမျက်နှာပေးနှင့် ဆိုလာသည်။

𝚂𝚝𝚒𝚕𝚕Where stories live. Discover now