Unicode
မြင်းကိုအားသွန်ခွန်စိုက်စီးနှင်နေသဖြင့် နိမ့်ချည်မြင့်ချည်ဖြစ်နေသော ကောင်လေးငယ်ငယ်၏ ကျောပြင်မှာ သူ့အတွက် လှပလွန်းနေသည်။ကောင်လေး၏ကျယ်ပြန့်သော ကျောပြင်တွင် သူ့မျက်နှာအပ်ကာ တစ်ခဏမျှ နေချင်မိသည်။မဖြစ်နိုင်ဟု သူတစ်ထစ်ချ လက်ခံထားပေမယ့် မသိစိတ်မှ မျှော်လင့်မိသေး...။
ကောင်လေး၏ မြင်းစီကျွမ်းကျင်မှုစွမ်းရည်တိုးတက်လာသည်မှာ အမှန်ပင်ဖြစ်သည်။သူ့အရှိန်ကိုတမင်လျှော့မထားလျက်နဲ့တောင် ကောင်လေးကိုသူမမှီပါ။
"ဟိုဆော့......ဖြေးဖြေး..."
ကောင်လေး၏ မြင်းကိုဘေးချင်းယှဥ်နိုင်လျက်အခြေအနေတွင် သူသတိပေးမိသည်။ဘေးတစောင်းမြင်နေရသည့် ကောင်လေး၏မျက်နှာနုနုမှာ အံကြိတ်ထားသည့်အတွက်ကြောင့် ထင်းထွက်နေသော မေးရိုးနဲ့အတူ တင်းမာလျက်။သူနားမလည်နိုင်ပါ...။မည်သည့်အကြောင်းအရာက ဟိုဆော့ကိုဒီလိုဖြစ်အောင် လုပ်လိုက်သနည်း။
"ဟိုဆော့ ဖြေးဖြေးလို့ငါပြောနေတယ်နော် ဂျောင်ဟိုဆော့....
အာ့...."ရှေ့သို့မကြည့်မိပဲ ဟိုဆော့ဘက်ကိုသာ မျက်နှာမူရင်းမြင်းစီးမိသည့် အကျိုးကား ရှေ့မှာ သစ်ငုတ်တိုကို မရှောင်မိပဲ တည့်တိုးမိခြင်းဖြစ်သည်။
"ကိုကို....."
မြင်းမှာ ရုတ်တရက်အရှိန်ပျက်သွားချိန်တွင် သူမြင်းပေါ်မှ ပြုတ်ကျသွားသည်။အလွန်အမင်း နာကျင်မသွားသော်ငြား ရုတ်တရက်ပင်ပဲမို့ သူချက်ချင်းမထနိုင်သေးပါ။
"ကိုကို...ကိုကိုအဆင်ပြေရဲ့လား"
သူဘာဖြစ်သွားလဲဆိုတာကို နားမလည်ခင်အချိန်အတွင်းမှာ ဟိုဆော့သည် သူ့ဘေးတွင် ဒူးတစ်ဖက်ထောက်၏ထိုင်လျက် သူ့ဒဏ်ရာများ၏အခြေအနေကို အကဲခတ်နေလေပြီ။
"အာ့...နာတယ်"
ရုတ်တရက် ဆွဲကိုင်ခံလိုက်ရသဖြင့် နာကျင်သွားသော လက်ကောက်ဝတ်ကြောင့် သူအတင်းရုန်းမိသည်။မြင်းပေါ်က ပြုတ်ကျချိန်တွင် လက်နောက်ပြန်ထောက်မိသည်ကြောင့် ဒဏ်ဖြစ်သွားသည်ထင်။အထိမခံနိုင်ပါ။
