Finale

1.1K 97 27
                                    

Unicode

မျက်လုံးနှစ်လုံးဖွင့်လိုက်ချင်းချင်း ကြိုဆိုသည့်အရာမှာ အဖြူရောင်မျက်နှာကျက်ပင်ဖြစ်သည်။အိပ်ချင်မူးတူးဖြင့် အိပ်ရာဘေးမှ စားပွဲတင်နာရီကို ယူကြည့်မိတော့ မနက်၇နာရီကျော်ကျော်။ပုံမှန်ဆိုလျှင် ဆက်အိပ်နေမည်ဖြစ်သော်လည်း လတ်တလောမက်ထားသည့် အိပ်မက်ကြောင့် သူဆက်အိပ်ချင်စိတ်မရှိတော့။ပြန်အိပ်လိုက်လျှင် နောက်ထပ်မက်ဦးမည့် ထိုအပိုင်းဆက်အိပ်မက်များအကြောင်းကို သူသိ၍ဖြစ်သည်။

အိပ်မက်ထဲတွင် မည်သူမှန်းမသိသော အမျိုးသားနှစ်ယောက်ကို အမြဲတွေ့ရသည်။သူတို့ကြည့်ရတာ သဘာဝဟုသတ်မှတ်ထားသည့် သဘာဝတရားကို ကျူးလွန်ခဲ့ပြီး အချင်းချင်းချစ်ခဲ့ကြပုံ။အချင်းချင်းကြည့်သော အချစ်မျက်ဝန်းတို့သည် သူ့ကို အိပ်မက်မက်နေသည်ဟု မထင်ရလောက်အောင်ပင် အသက်ဝင်လှသည်။နောက်ဆုံးတွင်တော့ သူတို့ဘဝကို အတူတူအဆုံးသတ်ခဲ့ကြသည်။ညနက်တစ်ခုရဲ့ ချောက်တစ်ခုအတွင်းမှာ...။

ဘယ်လိုပဲဖြစ်ဖြစ် ဒါကအိပ်မက်ပင်မလား...။ဒါမှမဟုတ် ငယ်ငယ်က ကြည့်ဖူးခဲ့သည့် ရုပ်ရှင်ဇာတ်လမ်းတစ်ခုခုကို စိတ်စွဲနေခြင်းသာဖြစ်လိမ့်မည်။သူအရမ်း အလေးအနက်မထားပါ။အိပ်မက်တစ်ခုခုမက်နေသည်က အိပ်မက်လုံးဝ မမက်သည်နှင့်ယှဥ်လျှင်တော့ ပိုကောင်းသည်လေ။

သူမီးဖိုချောင်ဆီသို့ ခပ်လေးလေးခြေလှမ်းတို့ဖြင့် သွားကာ ရေခဲသေတ္တာတွင် စားစရာတစ်ခုခုရှာမိသည်။ဘာမျှမရှိ။နေဦး
...။

တစ်ခုခုတော့ရှိရမည်။မနေ့ကပင် သူမုန့်တွေဝယ်ခဲ့သေးသည်မဟုတ်လား။

မီးဖိုချောင်မှ ထွက်ကာ ဧည့်ခန်းကို ခရီးဆက်မိတော့ မနေ့ညက စားလက်စအကျန် ပီဇာချပ်များကို တွေ့ရသည်။သူဘာမျှမတွေးတော့ပဲ ကောက်ကာ စားလိုက်တော့သည်။မတတ်နိုင်။မနက်ဗိုက်ပြည့်ဖို့က သူ့အတွက်အရေးကြီးသည်။

စားနေရင်း ရုတ်တရက်သတိရသည်က သူဒီနေ့ မေမေနဲ့တွေ့ရန်ချိန်းထားသည်ကိုပင်။

ဟိုက်...။သေပြီ။မေမေနှင့်ချိန်းထားသည်က မနက်၈နာရီဖြစ်သည်။ယခုဆိုလျှင် ၇ခှဲ။ခြိနျးထားသညျ့နရောက မြို့လယ်ရှိ ပြတိုက်တစ်ခုတွင်ဖြစ်သည်။မြို့ထဲ လူရှုပ်နေလျှင် ပြတိုက်ကို တော်တော်နှင့်ရောက်ဖို့ မလွယ်။

𝚂𝚝𝚒𝚕𝚕Where stories live. Discover now