Unicode
အိမ်ပြန်လမ်းတစ်လျှောက်တွင် သူတို့မည်သည့်စကားကိုမျှ မပြောဖြစ်ပါ။ ဒါမှမဟုတ် ပြောဖို့အတွက် မလိုအပ်သည်ပဲလား။ဒီတိုင်း တစ်ယောက်ဘေးနားတစ်ယောက်ရှိနေရခြင်းသည်ပင် သူတို့အတွက် သက်သာရာဖြစ်သည့်အကြောင်းမို့ပင်။
မင်အိမ်တော်ရှေ့ရောက်သည့်အခါမှ နှုတ်ဆက်ရန်အတွက် သတိရသည့် မင်ယွန်ဂီပါလေ။အမှန်ဆိုလျှင် သူ နှုတ်မဆက်ချင်သေးပါ...။ဟိုဆော့ဘေးတွင် တတ်နိုင်သမျှ နေချင်ပါသည်။
ဟိုဆော့ကိုအပြုံးရဲ့ရဲ့လေးပြုံးပြကာ နောက်အလှည့်တွင် ဟိုဆော့၏စကားကြောင့် ရုတ်တရက်ပင်လန့်သွားမိ၏။
"ယွန်ဂီ ကျွန်တော်နိုင်တယ်နော်"
"ဟင်......ဘာကိုလဲ"
"မြင်းပြိုင်တာလေ...အဲဒါကျွန်တော်နိုင််တယ်လို့
နိုင်တဲ့သူက ရှုံးတဲ့သူထဲက ဘာမဆို တောင်းဆိုကြေးလေဗျာ
မမှတ်မိဘူးလား"ထိုအခါမှ သူတို့ဒီနေ့ အပြင်ထွက်ခဲ့ခြင်းအကြောင်းကို သတိရမိသလိုလို။သူတကယ်မေ့သွားတာသေချာပါသည်။
ဟိုဆော့၏ နှုတ်ခမ်းချိုချိုတွေကြောင့်လား~ အစိုးမရသော သူကိုယ်တိုင်၏ ရင်ခုန်သံတွေကြောင့်လားဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် မသဲကွဲပါ။"ဒါဆို မင်းရဲ့တောင်းဆိုချက်က."
"ကျွန်တော့်ကိုပဲ ကြည့်နေပေး...."
သူ့မေးခွန်းမဆုံးခင်ပင် ဖြေလာသော ဟိုဆော့၏ အဖြေကို သူသဘောပေါက်စေရန် ရုတ်တရက်တွေးနေရခြင်းကြောင့် နဂိုကျဥ်းမြောင်းသော မျက်ဝန်းတို့မှာ ပိုကျဥ်းမြောင်းသော မျက်ဝန်းများအဖြစ်သို့.....။
"ဒီတိုင်း ကျွန်တော့်ကိုပဲ ကြည့်နေပေး
ကမ္ဘာပေါ်က ကျန်တဲ့အရာတွေထက် ကျွန်တော်တစ်ယောက်တည်းကိုပဲ ကြည့်နေပေး~""......"
"တောင်းဆိုချက်က နည်းနည်း ကလေးဆန်ကောင်းဆန်နိုင်ပေမယ့် ကျွန်တော်ကိုယ်တိုင်ကလည်း ယွန်ဂီတစ်ယောက်တည်းကိုပဲ ကြည့်နေတဲ့အတွက် ယွန်ဂီကလည်း အဲ့လိုပဲလုပ်ပေး"
"အင်း..."
ဟိုဆော့ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုသဘောပေါက်မှ သူအကြီးကြီးပြုံးမိသည်။ခေါင်းကိုလည်း အတွင်တွင်ပင် ငြိမ့်ပြမိသည်။
