3.

779 100 6
                                    

Unicode

တိုက်ခတ်သွားသော လေအဝှေ့တွင် ရက်တွေလတွေပါသွားသည်ထင်။နှစ်များသည်ပင် ကျော်လွန်သွားလေပြီ။သူသည်ပင် ယခင်ကလို ကလေးတစ်ယောက်မဟုတ်တော့ဘဲ အသက်ဆယ့်ရှစ်နှစ်အရွယ်သို့ ကူးပြောင်းလာပြီဖြစ်သည်။

အရွယ်ရောက်လာသည်နှင့်အမျှ ရုပ်လုံးကြွလာသော သူ၏အလှတရားတို့သည် မြင်သူမျက်စိမလွှဲနိုင်အောင်ပင်ဖြစ်သည်။

နဂိုကတည်းကဖြူဥနေသော အသားအရေတွင် အစိမ်းရောင်သွေးကြောလေးများ တည်ရှိနေပုံမှာလည်း နူးနူးညံ့ညံ့။ကျဥ်းမြောင်းသော မျက်ဝန်းတစ်စုံတို့နှင့် အကြည့်ခံလိုက်ရလျှင် အကြည့်ခံရသူမှာ ဒူးများညွတ်ခွေကျသွားလောက်အောင်ပင် စူးရှလွန်းလှသည်။အမြဲလိုလိုစိထားသော နှုတ်ခမ်းပါးတစ်စုံမှာလည်း ပန်းနုရောင်အမြဲသန်းလျက်။အားလုံးခြုံပြောရမည်ဆိုလျှင် သူကောင်းကောင်းအရွယ်ရောက်ခဲ့ပါသည်။သဘောကျရသော တစ်ယောက်သောသူနဲ့အတူ....။

ကုန်ဆုံးသွားသော နှစ်ပိုင်းတို့တွင် သူသည် ဂျောင်ဟိုဆော့နဲ့အနီးကပ်အတူ ကြီးပျင်းလာရသည်။သေချာပေါက် သူ့ခံစားချက်တွေကို ဖုံးကွယ်ထားရင်းနဲ့ပေါ့။

ဟုတ်ပါသည်။သူဂျောင်ဟိုဆော့ကို သဘောကျမိနေကြောင်း လွန်ခဲ့သည့်နှစ်တွေအတွင်း သိခဲ့ရသည်။မည်မျှပင် ဂျောင်ဟိုဆော့ကို မုန်း၍ အဝေးသို့ ထွက်ပြေးထွက်ပြေး သူ၏ နောက်ဆုံး နားခိုရာသည် ဂျောင်ဟိုဆော့ပင် ဖြစ်လေသည်။

နေထိုင်ရာနယ်မြေချင်း မတူသော်ညား အားလပ်ချိန်များတွင် နယ်မြေနှစ်ခုကြားရှိ ရွှေအိုရောင်စိုက်ခင်းကြီးဘေးတွင် သူတို့မကြာခဏ ဆုံဖြစ်ကြသည်။သူသည်စာဖတ်လျက် ဂျောင်ဟိုဆော့မှာမူ သူ့ကိုစကားတွေတရစပ်ပြောလျက်။

"ယွန်ဂီ ကျွန်တော်ပြောတာ နားရောထောင်နေရဲ့လား"

ရင်းနှီးလာသည့်နှစ်များအတွင်း ဂျောင်ဟိုဆော့သည် သူ့ကို ယွန်ဂီလို့သာခေါ်ဖြစ်တော့သည်။သူ့ထက်ငယ်သည့် အခြားသူတစ်ဦးသာ သူကို နာမည်အတိုင်း ယွန်ဂီဟုခေါ်မည်ဆိုလျှင် သူဒေါသထွက်လိမ့်မည်ထင်သော်လည်း ဒီကလေး၏နာမ်စားအခေါ်အဝေါ်ကို တစ်ထူးတစ်ခြား မခံစားရပါချေ။

𝚂𝚝𝚒𝚕𝚕Where stories live. Discover now