8.

668 85 16
                                    

Unicode

သူပြေးနေမိသည်။ကျိုးပဲ့ကျနေသော သစ်ကိုင်းတို့ကို ခုန်ကျော်လျက်၊ကျောက်ဆောင်တို့ကို ရှောင်ဖယ်လျက် ပြေးနေမိသည်။သူ့ ခြေလှမ်းတို့ ဘယ်ကို ဦးတည်နေမှန်း သေချာမသိပေမယ့် သူ့နှလုံးသား၏ဦးတည်ရာကတော့ တစ်ယောက်သောသူဆီပင်။

အဝေးမှ တဲအိမ်ငယ်လေးကို မြင်ရလေလေ သူ၏ခြေလှမ်းတို့ ပိုမြန်လေလေပင်ဖြစ်သည်။သူမျှော်လင့်နေသည့်သူက အဲဒီတဲအိမ်လေးမှာ သူ့ကိုစောင့်နေလောက်သည်မလား...။

"ဟိုဆော့.. "

ယိုင်နဲ့နေသော တံခါးကို အားဖြင့် တွန်းဖွင့်ကာ သူ၏အပိုင် လူသားငယ်ကို ရှာမိသည်။တဲအိမ်လေးမှာ အိုဟောင်းနေသော်လည်း ဖုန်ကင်းရှင်းကာ သပ်သပ်ရပ်ရပ်ဖြစ်နေ၏။တစ်ယောက်ယောက်ရှင်းထားသလိုမျိုး။အရေးကြီးသည်က ထိုတစ်ယောက်ယောက်ကို သူရှာတွေ့မှ ဖြစ်မည်။

ပုန်းစရာနေရာသီးသန့်ပင်မရှိအောင် ကျဥ်းမြောင်းသော တဲအိမ်လေးကြောင့် သူအပြင်ထွက်ရှာမိသည်။သူဒီနားပတ်ဝန်းကျင်မှာ ရှိကိုရှိရမှာပါ...ဒါမှမဟုတ်... ယူဆောအာ သူ့ကို အရူးလုပ်လိုက်သည်တော့ မဖြစ်လောက်ပါဘူး...။

"ဟိုဆော့... ဂျောင်ဟိုဆော့လို့.. "

တုန်ရီနေသော အသံတို့ကို လျစ်လျူရှုကာ သူအော်ခေါ်မိနေသည်။
အထားရစ်ခံရခြင်း၏ ခံစားချက်ကို သူခုမှ ကောင်းကောင်းနားလည်လာသလို။ဟိုဆော့ဒီလိုမျိုး ခံစားရအောင်လည်း သူဖန်တီးခဲ့သည်မလား။

"ဟို... "

တွေပြီ။သူ၏ဟိုဆော့ကို ရှာတွေ့ပြီ။
မြင်ရသည်က ရေအိုင်ဘေးတွင် ထိုင်နေသော ကျောပြင်ငယ်လေးဆိုပေမည့်လည်း သူ၏ဟိုဆော့မှန်း သေချာပါသည်။

"ဟိုဆော... "

သူ့ခေါ်သံအဆုံး လှည့်ကြည့်လာသော ဂျောင်ဟိုဆော့။
ပါးပြင်နုနုပေါ်တွင်လည်း မျက်ရည်စီးကြောင်းက အကျည်းတန်စွာ။

သူဟိုဆော့ဆီအမြန်ပြေးသွားမိသည်။ဒီကောင်လေး၏ မျက်ရည်တွေကို သူ့လက်နှင့် သူကိုယ်တိုင် သုတ်ပေးရဦးမည်လေ။

"ဟိုဆော့ ငါ...ငါတောင်းပန်ပါတယ် "

"ယွန်ဂီမလာတော့ဘူးထင်နေတာ...
ယွန်ဂီ ကျွန်တော့်ကို စွန့်ပစ်သွားပြီထင်နေတာ..."

𝚂𝚝𝚒𝚕𝚕Where stories live. Discover now