2.

893 101 3
                                    

Unicode

ဒီနေ့ အပြင်မှာ ထူးထူးဆန်းဆန်း မိုးရွာမနေပါ။
မိုးတိမ်မိုးခဲများသည်တော့ ထုံးစံအတိုင်း ကောင်းကင်ပေါ်မှာ ပြေးလွှားနေလျက်.......။

ယွန်ဂီ အခုရက်ပိုင်းတွင် စိတ်ကြည်နေသည်ဟု ထင်ရသည်။
ခါတိုင်းလို ကြောက်စိတ်များမရှိတော့ဘဲ သတ္တိအနည်းငယ်ရလာသလိုပင်။မည်သည့်အကြောင်းကြောင့် ဆိုသည်မှာတော့ သူမသိ။လွန်ခဲ့သည့် သုံးနှစ်က တစ်ခါသာတွေ့ဆုံဖူးခဲ့သည့် ကလေးငယ်ကြောင့်ပင်လား.....။

"အဟက်...."
သူရယ်မိသည်။တကယ် သူပေါက်ပေါက်ရှာရှာပင်တွေးတတ်လွန်းသည်ထင်၏။ယခုတောင်မှ မျက်နှာကို ထင်ထင်ရှားရှား မမှတ်မိတော့သည့် ကလေးငယ်တစ်ယောက်ကို သူ ကျေးဇူးတင်နေသည်မလား.....။

"မင်ယွန်ဂီ...... "

သူ့ကိုယ်သူ သတ္တိများရှိလာပြီဟု မည်မျှလောက်ပင် သတ်မှတ်ထား သတ်မှတ်ထား ဖေဖေ့၏ သူ့နာမည်ကိုခေါ်သံကိုမူ သူကြောက်ရွံ့နေသေးသည်။နာမည်အပြည့်အစုံကို ခေါ်ပုံထောက်ရင် သူမတတ်နိုင်သည့်အရာအတွက် ဖေဖေသူ့ကို ဆူဦးမည်ဟု ထင်မိသည်။

"မင်ယွန်ဂီ မင်းငါခေါ်နေတာ အဖတ်မလုပ်တာလား...
ဘာလဲ မင်းကိုမင်း သိပ်တော် သိပ်တတ်နေတယ်ထင်နေတာလား"

ရုတ်တရက် သူအတွေးလွန်သွားသည့်အပေါ် ဖေဖေ သူ့ကို ကျေနပ်မည်မဟုတ်ပါ။သူဖေဖေ့ကို အင်မတန်ကြောက်ရွံ့မိသော်လည်း ထိုကြောက်ရွံ့မှုကို ထုတ်မပြချင်ပါ။လွန်ခဲ့သည့်နှစ်တွေတွင် ယွန်ဂီ ကြောက်ရွံ့စွာ မျက်ရည်ကျမိခဲ့ခြင်းကြောင့် ဖေဖေမှ သူ့အား နှစ်ရက် တိုက်ပိတ်ထားခဲ့လေသည်။ယောက်ျားလေး တစ်ယောက်က ဘယ်တော့မှ မျက်ရည်မကျရဘူးဆိုတဲ့ အတွေးအခေါ်ကြီးကို သူ့ဘဝတွင် ပထမဆုံး မုန်းမိခဲ့သည်။ယောက်ျားလေးဖြစ်သည့်အတွက် သူ့မှာ ငိုခွင့်မရှိတော့ဘူးလား.........။

ထို့အတွက် သူတည်တည်ငြိမ်ငြိမ်ဖြင့်ပင် ခေါင်းငြိမ့်ပြကာ ဖေဖေခေါ်သည့်နေရာကို ခြေလှမ်းမိသည်။

"မင်ယွန်ဂီ~ မင်းက ဒီ မင်အိမ်တော်ရဲ့ တစ်ဦးတည်းသောသားနော်.. မင်းမှ ဒီအိမ်တော်ကို ဂုဏ်တက်အောင် လုပ်မပေးရင် ဘယ်သူလုပ်မှာလဲ~~ မင်းလို နှေးတိနှေးတုတ်နဲ့ ငါဖြင့် မင်းကြောင့် တစ်ခါမှ ဂုဏ်ယူရတယ်ကိုမရှိဘူး
မင်းနည်းနည်းလေးတောင် အသုံးမကျဘူးလား မင်းထက်ငယ်တဲ့ ဂျောင်အိမ်တော်က ဂျောင်သခင်လေးတောင် မင်းထက်အများကြီးသာတယ်"

𝚂𝚝𝚒𝚕𝚕Where stories live. Discover now