Chapter 1-First moment with you

740 21 4
                                    


နေရောင်ဖြော့ဖြော့လေးတွေ ပဲကျန်တော့တဲ့ ညနေခင်း‌မှာ
ကျောင်းကအပြန် လူသူမရှိတဲ့ လမ်း‌မကြီးကို ငေးကြည့်နေမိရင်း
မနေ့ က Sana အဖေနဲ့ပြောဖစ်ခဲ့တဲ့စကားတွေကို
ပြန်စဉ်းစားနေမိတယ်

{* Flashback * }

" အဖေ က သမီး ကို အဖေရဲ့ လုပ်ငန်းတွေနဲ့ပက်သက်ပြီး စ သင်ပေးဖို့ အချိန်ကျပြီလို့ထင်တယ် "

" သမီး လဲ ကျောင်းတက်ရတာ ပျင်းနေတာနဲ့ ဆိုတော့ အဆင်ပြေပါတယ် ၊ ဒါပေမဲ့ Sana မဟုတ်ပဲ ဘာလို့ သမီး လဲ?"

ဒီမေးခွန်း ကို ဖြေဖို့ Mr. Minatozaki တွန့်ဆုတ်သွားတယ်
ဘာလို့ဆို သူ့ရဲ့ အတ္တ တွေအတွက်နဲ့ Momo ကို အသုံးချမိနေတယ်ဆိုတာ သူကိုယ်တိုင်လဲ သိတယ်
သူ Momo ကို ချစ်ပါတယ် ဒါပေမဲ့ သမီးအရင်းထက်တော့ ဘယ်သူက ပို ချစ်နိုင် မလဲ

" Sana က ပျော့ညံ့တယ် လေ ၊ အဖေ့လုပ်ငန်းတွေနဲ့ မသင့်တော် ဘူး ၊ မင်း က ငယ်ငယ်လေးကတည်း က အရမ်း စိတ်ဓာတ်သန်မာတယ် ၊ မင်းအဖေနဲ့ အရမ်းတူတယ်  "

" Aww "
သူ့အဖေအကြောင်းပြောလိုက်တော့ Momo စိတ်ထဲ နဲနဲ နှင်သွားပြီး ဘာမှဆက်မပြောနိုင်တော့
Mr. Minatozaki လဲ စကား လမ်းကြောင်းလွဲ ရတော့သည်

" အဲ့တာတွေထားပါ ၊ ဒါနဲ့ လေ သမီး အဲ့တာကို ဘာလို့ လိုထင်လဲ
သမီး ကသန်မာပြီး Sana က ပျော့ညံ့နေတာကို"

" Sana မှာ ချစ်ရတဲ့သူရှိပြီး သမီး မှာ မရှိလို့လား??"

Mr. Minatozaki က တချက် ရီ‌ပြီးပြောလိုက်သည်
" အဖေ့ကို မချစ်ဘူးပေါ့လေ?? "

" အဲ့လိုသဘောမျိုး မဟုတ်ပါဘူး ပြောချင်တာ က သမီး သမီးတန်ဖိုး ထားရတဲ့သူကို ဆုံးရုံး ခဲ့ရ လို့ လား?? "

"အဲ့တာကြောင့်လဲပါပါတယ် ၊ ထပ်ဆုံးရှုံးစရာမရှိတော့ မကြောက်တော့ ဘူး "

"ဒါဆို ‌အဖြေမှန်တယ်ပေါ့ "

"တကယ်တော့ အဖြေအမှားဆိုတာ ဒီမေးခွန်းမှာမရှိ ပါ ဘူး ၊
သမီး ကို တစ်ခုသိစေချင်လို့ပါ "

"ဟုတ်ကဲ့ "

" လူတွေက ဆုံးရှူံးစရာမရှိတော့ ရင် မကြောက်ကြတော့ ပဲ သန်မာလာတာမှန်ပေမဲ့ တကယ် သန်မာတဲ့သူ အစစ် က ကိုယ်တန်ဖိုးထားတဲ့အရာတွေကို မဆုံး ရှုံးအောင် ကာကွယ်နေတဲ့သူတွေပဲ "

My PARADISE : SaiDahMo Love Story : FanfictionWhere stories live. Discover now