First Time ရဲ့ အရသာကို ခံစား ရင်း Dahyun တစ်ယောက်အိပ်ပျော်သွား လိုက်တာ ၊ အတော်ကြာမှနိုးလာတယ် ၊
သူနိုးလာတဲ့ချိန် အိပ်ယာပေါ်မှာ Momo ကို မတွေ့တော့ဘူး ၊
ရေချိုးရမှာ မို့လို့ အ၀တ်အစား အသစ်၀တ်မနေတော့ပဲ အခုခြုံထားတဲ့ စောင်နဲ့ပဲ ခန္ဓာကိုယ်ကို လုံအောင် ပက်ပြီး အခန်းပြင်ကို ထွက်လာခဲ့တယ် ၊
အပြင်ကိုရောက်တဲ့ ချိန်မှာ Momo က နေ့လယ်စားစားဖို့ အတွက် ပြင်ဆင်နေရင်း Dahyun ထွက်လာတာကို မြင်လိုက်တော့" နိုးပြီလား Tofu?? "
Momo ရှိရာကို လာရင်းနဲ့" ဟုတ် Unnie "
" ဗိုက်ဆာပြီလား ?? "
" ဟင့်အင်း "
ဟိုဘက်ကိုလှည့်ပြီး ထမင်း ခူနေတဲ့ momo နားလာခါ ကျောပြင်လေး ပေါ် ခေါင်းလေးတင်ပြီးပဲ မှီ လိုက်တယ် ၊ လက်ကစောင် ကို ပက်ထားရတော့ ဖက်လို့မရဘူးလေ ၊ ကျောပြင်လေးကို ကြောင်လေးတစ်ကောင်လို ခေါင်းလေးနဲ့ ပွတ်နေတယ် ၊ Momo ကပြုံးနေမိတယ် ၊ စိတ်ထဲမှာတော့ ဒီကလေး ဘာလားပေါ့ အတော်ပလီတာပဲ ပေါ့လေ
" ဘာဖစ်လို့လဲ Tofu ရဲ့ ၊ ဘာလိုချင်လို့လဲ "
" ဒီလိုပါပဲ ၊ Unnieဘေးနာမှာ နေရတာ ကြိုက်လို့ပါ "
" ဘာလို့ကြိုက်တာလဲ? Unnie က ဟိုဟွာတွေ လုပ်ပေးလို့လား"
Dahyun ရှက်သွေးလေးတွေဖြာလာပြီး" Unnie က ကွာ .. ဒီ က အကောင်းပြောနေတာကို "
Momo က ခူပြီးသွားတဲ့ ထမင်းပန်းကန်လေး ကို ဘေးမှာချခါ
Dahyun ဘက်ကို လှည့်ပြီး" Unnie လဲ အကောင်းပြောနေတာပဲလေ ၊ ဒါဆို မကြိုက်ဘူးလား?? ...ပြော"
" သိဘူးကွာ..တော်ပြီ ရေ သွား ချိုးတော့မယ် "
Dahyunထွက်သွား ဖို့လုပ်တဲ့ ချိန်မှာ momo က နောက်ကနေသိုင်းဖက်လိုက်ပြီး"ဟုတ်ပါပြီ .. ဟုတ်ပါပြီ ကလေး ကရှက်နေတော့လဲ မစတော့ပါဘူး "
"ဟွန့်"
" ဒါပေမဲ့ မမ ကိုပြောဦးလေ ဘာလို့ကြိုက်တာလဲ "
" Aww , အဲ့တာက Unnieဘေးမှာ ရှိနေရင် လုံခြုံပြီးနွေးထွေးတယ်လို့ ခံစား ရလို့ပါ "
" အမလေး... ကလေး က စကားတက်လိုက်တာဟယ် .."
ပါးလေး ကို ညှစ်လိုက်ပြီး မှ ဖိနမ်းပစ်လိုက်တယ်
Dahyun က တခစ်ခစ်နဲ့ ကျေနပ်နေတယ် ၊

YOU ARE READING
My PARADISE : SaiDahMo Love Story : Fanfiction
RandomThe Spot beside you is like the Paradise for me .