Chapter 23 - Her Smile

128 9 6
                                    

( Warning - Satzu Flash Back Chapter)

Tzuyu တို့အိမ်တွင်..
Tzuyuတစ်‌ယောက် သူ့အမေနဲ့အတူ ညစာစားပွဲကို ပြင်ဆင်ပြီးသွားချိန် .. အိမ်တံခါးက bell တီးသံကို ကြားလိုက်ရတယ်.. ဒီအချိန် ဘယ်သူဘယ်သူပြန်လာတယ်ဆိုတာ
သူ့စိတ်ထဲမှာ သိနေပြီးသားပါ.. အဲ့တာကြောင့် တံခါးနားကို မြန်မြန် ပြေးသွား လိုက်တယ် .. တံခါးကို ဖွင့်မပေးခင် .. အသက်ကို ပြင်းပြင်း ရှူလိုက်ပြီးမှ ..
( အဖေ အရမ်းကြီးစိတ်မဆိုးနေပါစေနဲ့ပဲဆုတောင်းပါတယ် .. ဘာပဲဖစ်ဖစ် အတင်းချော့ရတော့မှာပဲလေ..ဟူး... )

အနွေးထွေးဆုံး အပြုံးလေး ပြုံး ထားလိုက်ပြီး..
တံခါးကို အသာလေး ဖွင့်လိုက်တယ် ..
သူ့အရှေ့မှာ ပေါ်လာတဲ့ သူ့အဖေရဲ့ မျက်နှာကို သေချာလေး စိုက်ကြည့်ပြီး ပြုံးပြလိုက်တယ် .. Tzuyuအဖေ ကတာ့
ခံစားချက်မပါတဲ့ မျက်နှာ အမူအရာ နဲ့ပဲ ပြန်ကြည့်နေတာပေါ့
နောက်ပြီး Tzuyu က သွားလေးဖြီးပြတယ် ..
" ဟီး........ပါးပါး.. ဒီနေ့စောတယ်နော်.... ‌"
အဲ့လိုပြောပြီး သူ့အဖေ လက်ထဲက အိတ်ကို အတင်းဆွဲယူလိုက်ပြီး.. လက်မောင်းကိုလဲ အတင်းချိတ်လိုက်တယ်...
Tzuyu အဖေလဲ သူ့သမီးသူကြည့်ပြီး သက်ပြင်းတချက်ချမိတယ်... ဘာလို့ဆို.. စိတ်ဆိုးဖို့စဉ်းစားထားခဲ့ပေမဲ့..ခုတော့ အိမ်ပေါက်၀တင် အရှုံးပေးရမလိုဖြစ်နေပြီလေ
"ဟူး...."
သက်ပြင်းတချက်ချလိုက်တယ်.. Tzuyuကတော့ သူပြန်ဖြေမှာကို စောင့်ရင်း.. puppyလိုမျက်လုံးလေးတွေနဲ့ကြည့်နေတာပေါ့

" ဟုတ်တယ်... ဒီနေ့ အရေးပေါ်လူနာသိပ်မရှိဘူး အဲ့တာကြောင့်.."
" ဘာပဲဖြစ်ဖြစ်ပင်ပန်းလာတယ်.. မဟုတ်လား... လာပါ သမီး ပါးပါးအတွက် Orange juice ဖျော်ထားပေးတယ်... Ready made ကိုဖျော်ထားတာမဟုတ်ဘူးနော်.. သဘာ၀ အတိုင်း.. ဖျော်ထားတာ.. Organic Organic.. ဟီး.. ဟီး.."
အဲ့လိုပြောပြီး အတင်းဆွဲခေါ်တယ်..
Tzuyuအဖေလဲ ဘာမှ ပြန်မပြော နိုင်တော့ပဲ.. ချက်ချင်းပါသွား ပြီး အရှုံးပေးလိုက်ရတော့တယ် ...
Tzuyuအမေက တော့ အဲ့အဖြစ်အပျက်တွေကို ကြည့်နေရင်း ခေါင်းတရမ်းရမ်းဖြစ်နေတော့တာပေါ့..
အဲ့နေ့ညမှာ Tzuyuကို စိတ်မဆိုးလိုက်ရပါ..
×××××××

Tzuyu တစ်ယောက် အိပ်ယာပေါ်လှဲလိုက်ပြီး ဘေးက ခွေးအရုပ်လေးကို ဖက်ထားရင်း... မျက်လုံးမှိတ် လိုက်တဲ့အချိန်မှာ မနတ်ဖြန် Sana နဲ့တွေ့ ရမဲ့ကိစ္စ က ခေါင်းထဲ ပြန်၀င်လာတယ်
ပထမဆုံး သေချာ တွေ့တာမို့လို့.. ရင်တွေတော့ခုန်မိတဲ့ အပြင်
စိတ်တွေလဲ ပူနေမိတယ် .. ဘာကိုစိတ်ပူမှန်းသူကိုယ်တိုင်လဲဝေခွဲ မရ
" ဟူး........"
သက်ပြင်းတချက်ချလိုက်ပြီး..
" အကုန် အဆင်ပြေသွားမှာပါ.. ဟုတ်တယ်မလား.. Sally-ya,
Sana Unnie ကငါ့ကို သဘောကျမှာပါနှော.."
သူ့လက်ထဲက ခွေးရုပ်လေး ကို ကြည့်ပြီး ခေါင်းလေးကိုပုပ်ပေးလိုက်ရင်း.. ပြောလိုက်တယ်

My PARADISE : SaiDahMo Love Story : FanfictionWhere stories live. Discover now