Chapter 25 - Heiress In the Trap

235 5 2
                                    

( warning very very long chapter)

Dahyun က Momo ကို ဖွင့်ပြောလိုက်တယ်...
ဒီလိုဖွင့်ပြောဖို့အတွက်.. သူအကြိမ်ကြိမ် စဉ်းစားကြည့်ပြီးပြီ..
သူ Sana အပေါ်ကို အစ်မတစ်ယောက် သူငယ်ချင်းတစ်ယောက် ထပ်ပိုပြီး.. စဉ်းစားကြည့်လို့မရခဲ့ဘူး.. ဒါပေမဲ့ အဲ့အချိန်မှာ သူသဘောပေါက်သွားတယ်.. Momo က သူ့ဘ၀အတွက်လက်တွဲဖော်ပဲဆိုတာကို..
Momo ဘက်က ဘာမှတော့မပြောသေးပေမဲ့လဲ..
သေချာသွားအောင်.. သူ့ဘက်ကအရင်ဖွင့်ပြောလိုက်တယ်..
" Unnie ကို အရမ်းချစ်တယ်... "
Momo ကို ဖက်ထားရင်းနဲ့... အဲ့စကားကိုပဲ တစ်ဖွဖွပြောနေတော့တာပေါ့.. Momoက ကျောလေးတွေကိုပွတ်ပေးရင်း..
" ဟုတ်ပါပြီ.. ဟုတ်ပါပြီ.. မမ သိပါတယ်.."
Dahyunက
ဖက်ထားရင်း momo ရဲ့ ပုခုံပေါ် မေးလေးတင်ထားတာပေါ့..
ပြီးတော့... ပလီပလာအသံနဲ့မေးတယ်..
" သိရုံနဲ့မပြီးသေးဘူးလေ..  Unnieကကော.. ညီမကိုချစ်လားလို့..?.."
Momo က တစ်ချက်ပြုံးလိုက်ပြီး..
" ပြောစရာလိုသေးလို့လား.. Tofu ရဲ့.. ချစ်တာပေါ့.."
" ဒါဆို....." Dahyunက ဆက်မပြောပဲ.. ရပ်သွားတယ်..
" ဒါဆို ဘာဖြစ်လဲ.. Tofuရဲ့.."
Dahyunက ဖက်ထားတာကနေ.. ခွာလိုက်ပြီး.. Momo မျက်လုံးတွေကို တစ်ချက်စိုက်ကြည့်လိုက်တယ်.. Dahyunပုံစံက ပြောပြရမှာတွန့်ဆုတ်နေသလိုမျိုး.. ပြီးတော့အကြည့်ချင်းလွှဲလိုက်တယ်..
" Tofu.. ဘာဖြစ်လို့လဲ..? ပြောစရာရှိတာသာပြောပါ.."
စိတ်ထဲတွင်
( ကြောက်တယ်.. Unnie.. ညီမထင်သလို.. ဖြစ်မလာမှာကြောက်တယ်...)
" Tofu ?" Momo အသံက.. ‌နည်းနည်း စိတ်မရှည် တော့တာကြောင့်.. Dahyunလဲ မြန်မြန် ပြောချလိုက်တယ်..
" Unnie..ညီမကိုချစ်ရင်..."
" Omm.. ဘာဖြစ်လဲ.."
" တရား၀င်......တွဲကျမလားလို့ပါ.. အီး...."
ရှက်လွန်းလို့မျက်နှာတွေကို အုပ်ထားလိုက်တယ်..
Dahyun စကားကြောင့်.. Momo တွေဝေသွားတယ်..
" အော်....."
Dahyunက ဘာဆက်ပြောမလဲစောင့်နေပေမဲ့.. Momo. စီကဘာစကားမှထွက်မလာတာကြောင့်.. Momo မျက်နှာကိုတစ်ချက်ကြည့်လိုက်တော့.. ပျော်နေတဲ့အရိပ်အရောင်မတွေ့ရဘူး... Dahyunကြောက်တယ်ဆိုတာ အဲ့တာတွေပဲ..
ရှက်နေတာကနေ.. ၀မ်းနည်းတဲ့မျက်နှာလေးဖြစ်သွားတယ်..
" ညီမ.. က Unnie ပျော်သွားမယ်ထင်ထားတာ.. တောင်းပန်ပါတယ်.." Dahyunက အဲ့လိုပြော‌ပြီး.. ကုတင်ပေါ်လှဲအိပ်လိုက်တယ်.. ပြီးတော့ ခေါင်းပူးခြုံထားပြီး..
Momo ရှိတဲ့ဘက်ကို ကျောပေးထားတယ်.. မျက်လုံးကိုအတင်း မှိတ်ထားပြီး.. နှုတ်ခမ်းတွေကိုလဲအတင်းကိုက်ထားရင်း.. မငိုမိအောင်ထိန်းထားတာပေါ့... Momo လဲ Dahyunကို ကြည့်ရင်း.. သက်ပြင်းတစ်ချက်ချလိုက်တယ်လေ
နောက်ပြီး.. Dahyunဘေးမှားလှဲအိပ်ရင်း.. အနောက်ကနေ... ဖက်ထားလိုက်တယ်...
" မမ ပျော်ပါတယ်.. ရုတ်တရက်ဆို‌ တော့..အရမ်းအံဩသွားလို့ပါ.. "
" လိမ်နေတာ.."
Momo က ‌စောင်ကို ခေါင်းပေါ်သွားတဲ့ထိ ဖယ်လိုက်တယ်..
" ကဲပါ.. မျက်နှာလေးပြပါဦး.." Dahyun ကို သူ့ဘက်လှည့်လိုက်တယ်.. နှုတ်ခမ်းထော်ထော်.. မျက်ရည်တန်းလန်းနဲ့.. ဘာရုပ်လေးမှန်းမသိဘူး..
" ကြည့်ပါဦး.. စိတ်ဆိုးနေတာတောင်.. ဘာလို့အရမ်းချစ်ဖို့ကောင်းနေရတာလဲ.."
အဲလိုပြောပြီး.. ဖြူဖြူဖောင်းဖောင်းပါးလေးတွေကို ဆွဲလိုက်တယ်.. 
"ဟွန့်...တော်ပါ.."
နောက်ပြီး.. Dahyunကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားရင်း..
" တကယ်ပြောတာပါ..မမကလေ Tofuဘက်က ဒီလိုပြောလာမဲ့နေ့ကို.. စောင့်နေတာ..မပျော်ပဲနေပါ့မလား...ပြီးတော့... ချစ်သူနှစ်ယောက်တွဲတယ်ဆိုတာလဲ.. ပေါ့သေးသေး ကိစ္စမှမဟုတ်တာ. ဒါ ကြောင့်Tofuအတွက်
စိတ်ပူစရာရုတ်တရက်ပေါ်လာလို့ပါ .. ဟုတ်ပြီလား.."
သေချာ ရှင်းပြလိုက်တော့မှ.. Dahyun စိတ်ထဲသက်သာ ရာရသွားတယ်...
" ဟွန့်.. ဟုတ်ပါပြီ.. စကားကလဲတက်လိုက်တာ.."
Momo က တစ်ချက်ရယ်လိုက်တယ်..
" ဒါနဲ့လေ.. Kim Tofu.. ရုတ်တရက်ကြီး.. ဘယ်လိုဖြစ်တာလဲ.. သေချာပေါက်အကြောင်းတစ်ခုတော့ရှိရမယ်.. ဟုတ်တယ်မလား? "
" အယ်.. အဲ့လိုမဟုတ်ပါဘူး.. ဒီအတိုင်းပဲ.. ဖွင့်ပြောချင်လို့ပါ.."
သူ Momo ကို ဘယ်လိုမှလိမ်မရဘူးလေ..
Momo က ရိပ်မိပြီး.. နှုတ်ခမ်းကိုတစ်ချက်ကွေးလိုက်တယ်..
" ရိုက်ခံချင်နေပြီလား.. ဒီကလေးက.. ဟမ်?? ဘယ်သူ့ကို လိမ်ပြောနေတယ်ထင်လို့လဲ.."
Dahyun တစ်ယောက် တစ်ကိုယ်လုံးအေးခဲသွားသလိုပဲ..
အသက်တောင်ရှူလို့မရတော့သလို ဖြစ်သွားတယ်..
သူအမှားလုပ်လိုက်မိတယ်ဆိုတာ သဘောပေါက်သွားတယ်လေ
ဒါ‌ကြောင့်  Momo ကိုမျက်နှာမူလိုက်ပြီး . မျက်လုံး တွေကိုကို သေချာစိုက်ကြည့် ပြီး. အသနာခံတဲ့မျက်နှာလေးလုပ်တယ်.
" Unnie..  တောင်းပန်ပါတယ်.. ဟီးဟီး.. "
Momo မျက်နှာက ခွင့်လွတ်တယ်ဆိုတဲ့.. အရိပ်အရောင်မပြသေးဘးး..
" ညီမ.. အမှားလုပ်မိပါတယ်.. Unnie.. ခွင့်လွတ်ပေးပါနော်..
နော်.. နော်.. လို့.."  လက်အုပ်လေးချီပြီး.. Puppyတစ်ကောင်လို .. မျက်လုံးလေးတွေနဲ့တောင်းပန်တယ်..
Momo လဲ အဲ့မျက်လုံးလေးတွေကို စိုက်ကြည့်ရင်း.. စိတ်ထဲတွင်..
( တက်လည်းတက်နိုင်တယ်နော်.. ဘာလို့ နည်းနည်းလေးမှကို စိတ်ဆိုးလို့မရအောင်.. ချစ်စရာကောင်းနေရတာလဲ..)
အဲအခါကျမှ တည်နေတဲ့မျက်နှာကလေ.. ပြုံးတဲ့ဘက်ကိုရောက်သွားတယ်..
" ဟုတ်ပါပြီ.. " အဲ့လိုပြောပြီး.. Dahyunနဖူးပြင်လေးကို ဖက်ကနဲ့ နမ်းလိုက်တယ်.. Dahyunကတော့.. ပြုံးစိစိဖြစ်သွားတာပေါ့.. နာဖူးပြီးတော့.. နှခေါင်းလေးကိုပါ
နမ်းလိုက်တယ်..  ပြီးတော့.. နှုတ်ခမ်းလေး.. ကို အသာလေးဖိနမ်းလိုက်တယ်.. အချိန်ခနလောက်.. ထိတွေ့ထားပြီးမှ ပြန်လွှတ်လိုက်ပြီး.. မျက်လုံးချင်းစိုက်ကြည့်လိုက်တာပေါ့..
Dahyunရဲ့ ပါးဖြူဖြူလေးတွေ.. ပန်းရောင်သန်းလာတာကို မြင်နေရတယ်..
" ဘာလဲကွာUnnieက..  ရုတ်တရက်ကြီး.. ဟွန့်.."
" ရပ်သွားအောင်လို့လေ... "
" ဘာကိုတုန်း..?"
" Tofuလုပ်ပြ နေတဲ့ မျက်နှာလေးတွေကိုလေ.. မဟုတ်ရင်..
မမ နှလုံးရောဂါရလိမ့်မယ်.. ရင်ခုန်ရလွန်းလို့..."
" ဟာကွာ....." Dahyunလေးစပ်ဖြီးဖြီး နဲကျေနပ်သွားပါတော့တယ်.. 
" ကဲပြောပြတော့ အကြောင်းအရင်း.."
"အယ်.. အဲ့တာက.. "
" Omm."
" Unnie.. သေချာနားထောင်နော် .. ပြီးတော့ စိတ်ကိုအဆင်သင့်ပြင်ထားနော်.."
" Omm.." Dahyun စကားက Momo ကို နည်းနည်းတောင်စိတ်ပူသွားစေတယ်..
" မနေ့ညကလေ.. Sana Unnieက ညီမကို.. မွေးနေ့ပွဲလုပ်ပေးတယ်..ပြီးတော့.."
"  Omm ပြီးတော့ဘာဖြစ်လဲ.?"
" ပြီး‌တော့... သူ ညီမကို.. ချစ်ခွင့်ပန်တယ်.."
" ဘာ.. ဘာပြောလိုက်တာ.. ချစ်ခွင့်ပန်တယ်..ဟုတ်လား.."
Momo ကချက်ချင်းထထိုင်လိုက်တယ်..
" ဟုတ်တယ်.. ညီမကိုချစ်တယ်တဲ့..ဟိုလိုမျိုးချစ်တာတဲ့.."
ဒီလိုကိစ္စမျိုးကို Momo တစ်ယောက်ကြိုတော့မြင်ထားပြီးသားပါ ဒါပေမဲ့.. ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ဘူး..
ပြီးတော့.. သူနဲ့ Sana သဘောတူထားခဲ့တဲ့..
"Dahyunကို ဘယ်သူကမှအပိုင်သိမ်းဖို့မကြိုးစားရဘူး"
လွယ်လွယ်ပြောရရင်" စည်းမကျော်ရဘူး " ဆိုတာပေါ့..
အခုကိစ္စမှာ Sanaဘက်က အရင်စည်းကျော်လာခဲ့တယ်..
ဆိုပေမဲ့လဲ.. သူSana ကိုအပြစ်ပြောလို့မရဘူး.. ဘာလို့ဆို
Momo ဘက်က Sanaမသိ အောင်ကျော်ခဲ့တဲ့စည်းတွေက နည်းတာမဟုတ်ဘူး.. လေ
" အဲတော့.. Tofuက ကော.. ဘာပြန်ပြောလိုက်လဲ.?"
"  စဉ်းစားဦးမယ်လို့ပဲပြောလိုက်တာပေါ့.."
" Aww..."
Momo စိတ်ထဲတွင်..
( ဟူး.. တော်သေးတာပေါ့... နေပါဦး.. ဘာကိုတော်သေးရမှာလဲ.. ပြသနာတွေက ပိုရှုပ်ကုန်ပြီ.. ဒီတိုင်းဆို.. Tofuက ငါ့ကို ရွေးချယ်ခဲ့တာပေါ့.. ဒါပေမဲ့လဲ.. Sana ကိုဘယ်လိုလုပ်ရမလဲ..
သူနာကျင်ရတော့မှာပဲ.. )
Momo အတွက် ကိုယ့်ကိုယ်ကိုအရမ်းအပြစ်ရှိသလိုခံစားသွားရတယ်.. 
ဘာလို့ဆို.. သူသာ အစကတည်းက ပြက်ပြက်သားသား လုပ်ခဲ့မယ်ဆိုရင်.. Sana လဲရှေ့တိုးလာမှာ မဟုတ်လောက်ဘူး..
သူစိမ်းဆိုရင်လဲ ပြသနာ မရှိဘူးလေ.. အခုက Sana
သူ့ရဲ့တစ်ဦးတည်းသော.. ညီမ.. တစ်ဦးတည်းသော သူငယ်ချင်း..
သူတန်းဖိုးထား ချစ်ရတဲ့လူအနည်းစုထဲကတစ်ယောက်လေ..
ပြီးတော့.. Sana က Dahyun အပေါ်  သူတွဲခဲ့တဲ့
အရှေ့က လူတွေနဲ့မတူဘူးဆိုတာလဲ သူအသိဆုံးပဲ...
( ဘယ်လိုလုပ်ရမလဲ...) ဒီကိစ္စက Momo ကို အတော်လေးအကျပ်ရိုတ်စေတယ်..
Dahyunလဲ.. "အော်" တစ်လုံးပဲပြောပြီး.. ဘာမှထပ်ထွက်မလာတော့တဲ့.. Momo ကိုကြည့်ရင်း.. သူ momo ကို စိတ်ရှုပ်အောင်လုပ်လိုက်မိတယ်ဆိုတာ သဘောပေါက်သွားတယ်..
အဲ့တာကြောင့်.. နောက်ကနေ ခါးလေးကို အသာလေးဖက်လိုက်ပြီး.. Momo ကျောပြင်လေးမှာ ခေါင်းလေးမှီထားရင်း..
" ညီမကြောင့် စိတ်ရှုပ်သွားရင် တောင်းပန်ပါတယ်.. "
" အဲ့လိုမဟုတ်ပါဘူး... ဒီလိုပဲ.."
" အဲ့ကိစ္စခန‌မေ့ထားရအောင်လေ နော်.. ပြီးတော့.. တစ်ခုခုသွားစားရအောင်လေ... ဗိုက်ဆာနေပြီ.."
" အင်းပါ.. အဲ့လိုလုပ်တာပေါ့.. ဒါနဲ့.. Tofuဘာစားချင်လဲပြောလေ.."
" အယ်... ထမင်းသွား  စားရအောင်... တော့ပူကီလေးနဲ့ပေါ့.."
" Omm.. သဘောလေ.. လာသွားကြမယ်..."
Dahyunကို အိပ်ယာပေါ်ကနေ.. ကောက်ချီလိုက်တယ်..
" အမလေး....."
×××××××××××××
ထမင်းဆိုင်တစ်ဆိုင်တွင်.. Momo တစ်ယောက် 
စားနေပေမဲ့လဲ.. ဘာအရသာမှမတွေ့.. Dahyunကတော့ အတော်ဗိုက်ဆာနေတယ်ထင်တယ်.. အားရပါးရစားနေလိုက်တာ.. Dahyun ကိုစိုက်ကြည့်ရင်း အလိုလိုပြုံးမိတယ်.. ဘာလို့ဆို
သူ Dahyunနဲ့  ထမင်း အတူ မစားဖြစ်တာတောင်  အတော်ကြာပြီလေ.. Momo စိုက်ကြည့်ပြီးပြုံးနေတာကို..
Dahyun မြင်သွားပြီး ပြုံးစိစိဖြစ်သွားတယ်..
" ဘာလို့လဲ.. Unnie ရဲ့.. ဟီး..."
" ဘာမမဟုတ်ပါဘူး.. ဒီလိုပဲ.." အဲ့လိုပြောရင်း
စားပွဲ က Tissue လေးနည်းနည်းဖြဲယူလိုက်ပြီး.. Dahyun နှုတ်ခမ်းတစ်ဝိုက် ပေနေတာ လေးတွေကို သုတ်ပေးလိုက်ရင်း..
" ချစ်ဖို့ကောင်းလို့ပါ.. " Dahyunကပိုပြီး.. ပြုံးစိစိဖြစ်သွားတယ်..
Momo- "ပြီးတော့.. သေချာလဲဝါးစားဦးနော်.. အစာမကြေဖြစ်ဦးမယ်.."
" ဟုတ်ကဲ့.. ဟီး.. ဟီး.."
" Omm.. လိမ္မာတယ်.."
" ဒါနဲ့.. Unnie.."
" Omm.. ပြောလေ.."
Dahyunက တော့ပိုကီ အနှစ်တွေနဲ့ နယ်ထားတဲ့ထမင်းကို ဇွန်းအပြည့်ကော်လိုက်ပြီး.. အပေါ်မှာ အသားတုံးလေး  တင်ပြီး...
" အာ...." Momo ကို ခွန့်ကျွေး ဖို့ ပါစပ်ဟခိုင်းလိုက်တယ်.
" အမလေး... ဟုတ်ပါပြီရှင်..." Momoလဲ ပါးစပ်လေးဟပေးပြီး. Dahyunခွန့်ကျွေးတာလေးကို စားလိုက်တာပေါ့.. 
" ဘယ်လိုလဲစားကောင်းလား..?"
" Wow.. Tofuခွန့်ကျွေးတာမို့ထင်တယ်.. အများကြီးပိုအရသာရှိတယ်.." 
" တကယ်လား.. ဒါဆို ထပ်ခွန့်ကျွေးမယ်..လေ.."
" Omm "
Dahyun ခွံ့ ကျွေးလိုက်မှပဲ Momoအတွက် အရသာရှိတဲ့ နေ့လယ်စာဖြစ်သွားတာပေါ့..
××××××××
ထမင်းစားပြီးတော့... Bus ကားအတူစီးရင်း.. နေရာတစ်ခုကိုသွားကြတာပေါ့...

You've reached the end of published parts.

⏰ Last updated: May 22, 2022 ⏰

Add this story to your Library to get notified about new parts!

My PARADISE : SaiDahMo Love Story : FanfictionWhere stories live. Discover now