Dahyun က ရုတ်တရက် အခန်းထဲပြေး၀င်သွားတာကြောင့်
Momo လဲ စိတ်ပူပြီး အခန်း တံခါး ကို သွား ခေါက်လိုက်တယ်* Knock knock *
" Tofu ရေ.... Tofu ....., ဘာဖစ်တာတုန်း ၊ အဆင်ပြေရဲ့ လား??? "
Dahyun က ပြန်မဖြေ
( ငါ့ကို စိတ်ဆိုး သွား တာများ လား ?? ၊ ဒါမမဟုတ် အရမ်း ရှက်သွား လို့ လား )" မမ ကို စိတ်ဆိုးသွား တာ လား ?? "
တကယ်တော့ Dahyun က ရှက်တာ ထက် အပြစ်ရှိသလို ခံစား သွား ရလို့ပါ သူ့အပေါ်ဒီလောက်ဂရုစိုက်ပေးချစ်ပေးတဲ့ အစ်မတစ်ယောက်ကို ၊ သူလိုချင် တဲ့ သာယာမှု တစ်ခု အတွက်နဲ့ အသုံးချမိသွား သလို ခံစား ရတယ် ။
Dahyun က အသက်ငယ်ပေမဲ့ ရင့်ကျက်တာမို့ ၊ momo အပေါ် အရမ်း အားနာမိသွာတယ်
Dahyun စိတ်ထဲတွင်
( နင် ဘာတွေ လုပ်ပြန်ပြီလဲကွာ kim Dahyun ၊ Hirari က ဒီလောက် ဂရုစိုက်ပေး နေတာတောင် အား မရ ပဲ မွှန်ပြီး အဲ့လိုကိစ္စတွေ သွားလုပ်ခိုင်းနေတယ် ၊ နင့်ဘက်က နေ ဘယ်လိုပြန်ပြီး တော့ နွေးထွေး မှုပေး ရမယ် မစဉ်းစား ပဲ)Dahyun ကိုယ့်ကိုယ်ကို အပြစ်တွေချည်း တင်နေမိတယ်
Momo နဲ့ မျက်နှာချင်း မဆိုင် ရဲ ဖစ်နေတယ်
Momo က တော့ ဆက်တိုက် ခေါ်နေတယ်" Tofu.... ၊ Tofu.... တစ်ခုခု တော့ ပြန်ပြော လေကွာ "
Dahyun စီ က ဘာသံမှ မကြားတာ မို့ Momo စိတ်တိုသွားတယ်
" တော်ပြီ ကွာ ၊ ငါပြန်တော့မယ် " ဆို ပြီး Dahyun အခန်း ရှေ့ ကနေ လှည့်ထွက် လာလိုက်တဲ့ အချိန် ကြမှ
Dahyun က အခန်း ထဲ ကနေ ထွက်လာပြီး momo ကို နောက် ကနေ အတင်း ဖက်ထား လိုက်တယ်
" ညီမ ၊ တောင်း ပန်ပါတယ် " ငိုမဲ့ငိုမဲ့ အသံနဲ့ ပြောတယ်
Momo လဲ Dahyun ငိုနေပြန်တာ မို့ ၊
( ဒီကလေး က လဲ ငိုပြန်ပြီ ကွာ ၊ ဟူးးးးးး)သက်ပြင်း တချက် ချလိုက်တယ်
" ညီမ ကို စိတ်မဆိုး ပါနဲ့ " ပြောရင်း မျက်ရည်တွေစီး ကျလာပြန်တယ် ၊
" ငါဒီလောက် အော်ခေါ်နေတာ ကို ဘာလို့ ပြန်မထူးတာ လဲ "
Momo ရဲ့ တကယ့်ကို စိတ်ဆိုးပြီး အေးစက်နေတဲ့ အသံကြောင့်
Dahyun စိတ်ထဲ ပို ပြီး ၀မ်းနည်း လာ ပြီး၊ ပိုပြီး အပြစ်ရှိသလို ခံစားရတာမို့ ၊ ငိုချလိုက်မိတယ် ၊
YOU ARE READING
My PARADISE : SaiDahMo Love Story : Fanfiction
Ngẫu nhiênThe Spot beside you is like the Paradise for me .