Chapter 20🔞 - Stranger

310 11 2
                                    

Momo လဲ အသက်ကို ၀၀ ရှုလိုက်ပြီး...
ပြောတော့မယ် လို့ ဆုံးဖြတ်ချက်ချလိုက်တယ်
Dahyunလဲ စိတ် ၀င်တစား နဲ့ Momo ကိုစိုက်ကြည့်နေတာပေါ့

" Ok... မမ ခုပြော မဲ့ဟာက Tofu အတွက် နာကျင် ရနိုင်တယ် ၊
အဲ့တာတောင် သိချင်နေတုန်းလား??"

" Omm... ၊ ဘယ်လောက် နာကျင်ရပါစေ ၊ Unnie တစ်ယောက်ထဲ ခံစားနေရတာကို မကြည့်ရက်ဘူး.."

" အင်းပါ.. ဟုတ်ပါပြီ..ဒါဆိုလဲ "
အသက်ကို ပြင်းပြင်းလေး ထပ်ရှူလိုက်တယ်..
Dahyunလဲ ဘာကိစ်စလဲဆိုတာ ကို

" Ok.... မမ လေ.. နောက်လဆိုရင် ကျောင်းထွက်ရတော့မှာ "
Dahyun ခနတာ စွံ့အသွားတယ် ...၊ momo ပြောတာက ယုံချင်စရာမရှိဘူး.. ဒါပေမဲ့ Momo လိမ်နေတာ မဟုတ်ဘူးဆိုတာလဲသိတယ်

" ဘယ်... ဘယ်လို... Unnie.."
Dahyunအသံတွေတုန်နေတယ်
Momo. လဲ Dahyunလက်လေးတွေကို စုပ်ကိုင်လိုက်ပြီး..

" မမ .. တောင်းပန်ပါတယ်.."
Dahyun က နားမလည်နိုင်ဖြစ်နေတယ်..

" ညီမ Unnieကို စိတ်မဆိုးပါဘူး.. သိချင်တာ က.. ဘာလို့လဲ ??"
Momo လဲ သက်ပြင်းတချက်ချလိုက်ပြီး..

" အဖေ က Company ကို ဦးစီးစေချင်နေတယ် .. အဲ့တာကြောင့် စောစော အလုပ်၀င်ပြီး.. အတွေ့အကြုံ ယူထားရမယ် တဲ့.. "
Dahyun မျက်နှာ လေး က ချက်ခြင်း မျှော်လင့်ချက်မဲ့သွားတဲ့ပုံစံမျိုး..

" အင်းပါ.. ဘယ်တက်နိုင်မလဲ "
Momo လဲ Dahyun. ကိုတင်းတင်းလေးဖက်ထား လိုက်ပြီးး

" မမ တောင်းပန်ပါတယ်.... ၊ မမ ကတိ မတည်နိုင် တော့ဘူး.."
Momo အသံတွေက သူဘယ်လောက် ပြိုလဲနေလဲဆိုတာ သိသာနေတယ် ၊
Dahyunလဲ Momo ကျောလေးတွေကို ပွတ်ပေး ရင်း...

"ရပါတယ်...ညီမ Unnieကို အပြစ်မပြောပါဘူး...၊ ပြီးတော့ "
သူ့မျက်ရည်တွေကိုတင်းထားပြီး..

"ညီမ ၀မ်းလဲ မနည်းပါဘူး..."
Momo အဲ့စကားတွေကြောင့် မျက်ရည်တွေကိုပိုပြီး ထိန်းထားနေရတယ် ၊ ဘာလို့ဆို Dahyun ကသူ အခက်အခဲဖြစ်မှာ ဆိုးလို့ဟန်ဆော်နေမှန်း.. သိတယ် လေ ၊

" ဒါ Unnieအတွက်ကောင်းတဲ့ကိစ္စပဲ မဟုတ်လား??၊ အဲ့တာကြောင့် .."
Momo လဲ ဖက်ထားတာလွတ်လိုက်ပြီး မျက်နှာခြင်းဆိုင်လိုက်တယ်

My PARADISE : SaiDahMo Love Story : FanfictionWhere stories live. Discover now