Sana လဲ အရင်ဆုံးဗီရိုထဲကနေ လဲစရာ အ၀တ်ရှာ ရင်း
သူ၀ယ်ပေးထားတာတွေ တွေ့တယ် ပြီးတော့" Wow.. မိုက်လှချည်လား.. Chanel !!၊ ကြည့်ရတာ Momoring ၀ယ်ပေးထားတာ ဖြစ်မယ် "
Sana လဲအရမ်းအံဩနေမိတာပေါ့ ဘာလို့ဆို Momo အဲ့လောက်ကြီး ပိုက်ဆံသုံးတာ တစ်ခါမှ မတွေး ဖူးဘူး..
အဲ့လိုနဲ့ ပေါ့ပေါ့ ပါးပါး အ၀တ်စား တစ်ဆုံယူလိုက်တယ်
ပြီးတော့ Dahyun ကုတင်စီ လာရင်း တွန့်ဆုတ်နေပြန်တယ်" ဟူး........ "သက်ပြင်းတချက်ချလိုက်ပြီး
" Dahyunလေး?? Dahyun!! , အကျီလဲရအောင်လေ ခနလောက် ထ ပါဦး "
လက်မောင်း နှစ်ဖက်ကနေ အသာလေး ဆွဲ ထူ လိုက် တယ်" ကြည့်ပါဦး.. ချွေးတွေမှ ရွှဲနေတာပဲ.."
Dahyun က အဖျားတွေ အရမ်းတက်နေတာမို့လို့ ဘာမှ ပြန်မပြောနိုင်ဘူး.." အကျီလဲရအောင်နော် .. တော်ကြာ ချွေးအအးပက်ပြီး ပြန်ဖျား လိမ့်မယ် "
Dahyunက ခေါင်း လေး ငြိမ့်ပြတယ်
နဖူးလေး ကို ထပ်စမ်း ကြည့်တယ်
မီးကျီးခဲလိုမျိုး ပူကျစ်နေတယ် ၊" ဒုက္ခပါပဲ "
အဲ့လိုနဲ့ Dahyun ရဲ့ T shirt အပွ ကြီးကို အရင်ဆုံး ချွတ်ဖို့လုပ်တယ်( ဟုတ်ပြီ နင်လုပ်နိုင်ပါတယ် )
မျက်လုံးကို မှိတ်ထားလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်
အရင်ဆုံး အကျီကို လှန်လိုက်တော့ ခေါင်း မှာ က တစ်နေတယ် Dahyunက လက်လေး မြှောက်ပေး ပြီး ကူချွတ်ပေးတယ်
အကျီလဲ ကျွတ်သွား ရော အိပ်ယာပေါ် ဘုန်း ကနဲ့ ပြန်လှဲသွားတယ်
Sana လဲ မျက်လုံး ဖွင့် မိသွား ပြီး လှမ်း ထိန်းလိုက်ပေမဲ့ မမှီတော့ဘူး၊ပြီး ကျမှ မျက်လုံးဖွင့်မိတာ သတိရပြီး
" အမလေး.. " မျက်လုံးကို ပြန်မှိတ်ထား လိုက်တယ်( မဖြစ်သေးပါဘူးလေ .. ၊ မဟုတ်လဲ နောက်ကျ မြင်ရချင် မြင်ရမှာပဲ ရှက်နေလို့မရဘူးး..)
အဲ့လို နဲ့အချိန်ကြာနေမှာ ဆိုလို့ Sana လဲ မျက်လုံး ဖွင့်လိုက်ပြီး
သေချာကြည့်လိုက်တယ်
Sana ပါးလေးတွေ နီရဲလာပြီး အသက်ကို လဲ အောင့်ထားမိတယ်
မျက်လုံး ချက်ချင်း ပြန်လွှဲ လိုက်ပြီး
YOU ARE READING
My PARADISE : SaiDahMo Love Story : Fanfiction
RastgeleThe Spot beside you is like the Paradise for me .