" Unnie ??? ... Unnie သတိရပြီ လား Unnie .. ... Sana Chan..... အန် တီ ........ ဦးလေး.... Hirari သတိရလာပြီး "
Dahyun စကားကြောင့် အကုန် လန့်နိုး လာကြတယ်...Sana တို့ က momo စီ ကို မြန်မြန် ထ လာကြတယ် ၊
"Momoring .....အဆင်ပြေရဲ့ လား ၊ ငါတို့ကို မှတ်မိရဲ့ လား ?"
" သမီး... အမေလေ မှတ်မိတယ် မလား "
Momo က ခေါင်း ငြိမ့်ပြတယ် အဲ့ ချိန် Kazan က အရေးပေါ်လူခေါ် ခလုတ် ကို နှိပ် ထား တာမို့ ၊ Nurse နှစ်ယောက် အခန်း ထဲ ရောက်လာတယ်
" ဘာဖစ်လို့လဲ ရှင့် "
" ကျနော့် သမီးလေး သတိရလာ လို့ပါ "
" ဟုတ်ပြီ ဟုတ်ပြီ ၊ Doctorတွေ ကို သွား ခေါ်လိုက်မယ် "
Nurseတစ်ယောက် က အဲ့ လိုပြော ပြီး ထွက်သွား တယ် ၊
နောက်တယောက် ကတော့ Momo စီလာပြီး စမ်း စရာရှိတာစမ်းပြီး" လူနာ.... ညီမလေး .. အစ်မပြော တာ ကြား ရလား ?? "
Momo က ခေါင်းငြိမ့် ပြတယ်" ဟုတ်ပြီ ..ညီမ ... ဘာဖစ်ခဲ့တာလဲ ကော မှတ်မိလား ?? "
Momo က ခေါင်းထပ်ငြိမ့်ပြတယ်" စကားပြော နိုင် လား ၊ တခွန်းလောက်ပြောကြည့်ပါ ဦး "
"
ရေ..ရေ..သောက်ချင်တယ်...." Momo အသံ က လုံး ၀အား မရှိ ၊ အက်ကွဲနေတယ်" ခနတော့သည်းခံဦးနော် ၊ Doctor လာနေပြီ အဲ့ကျမှ ရေသောက်လို့ ရပြီ လား မေးပေးမယ် နော် .."
" ဟုတ်...ကဲ့ .....အဟွတ်... အဟွတ်... အား......"
ချောင်းဆိုး လိုက်တာကြောင့် ၊ ဓားဒဏ်ရာ က ဆူးနေအောင် နာသွားတာမို့ မျက်လုံးတွေ ကို အတင်း မှိတ် ထား ရတယ်အဲ့အဖြစ်ပျက်ကြောင့် အားလုံးရဲ့ရင်တွေနာ ရပြန် တယ် ၊ အထူးသဖြင့် Dahyun ပေါ့ လက်သီး ကို ကျစ်နေအောင် ဆုပ်ပြီး မငို မိအောင် တင်း ထား ရတယ်
( unnie ....ညီမ တကယ်တောင်းပန်ပါတယ် .....)အဲ့တာကိုသိတဲ့ Sana က Dahyun ကို လက်တဖတ်နဲ့ ဖက်ထား လိုက်ပြီး လက်မောင်းလေးတွေကို ပွတ်ပြီး နှစ်သိမ့်ပေး နေတယ်၊
အဲ့ကျမှ Dahyun နဲနဲ အဆင်ပြေသွားတယ်
အဲ့ အချိန် Doctor ရောက်လာတယ်" သမီး အကုန်အဆင်ပြေသွားလိမ့် မယ် စိတ်မပူနဲ့နော် " နှဖူးလေးကို အသာလေး စမ်း ကြည့်တယ် ၊
YOU ARE READING
My PARADISE : SaiDahMo Love Story : Fanfiction
RandomThe Spot beside you is like the Paradise for me .