Jin-Young ၊ Kazan နဲ့ Momo တို့သုံး ယောက် အခန်းထဲတွင်..၊
Jin-Young က တော်ပြီးထက်မြတ်တဲ့ သူတစ်ယောက် ဖြစ်တယ် ဆို တာ Kazan ကသေချာ ပြောပြ နေတယ်..၊
ဒါကြောင့် Jin-Young ဘေးမှာမှာနေပြီး...Companyရဲ့ Process တွေကို ကိုယ်တွေ့ လေ့လာစေချင်တယ်..၊Momoအမြင်မှာ တော့ သူ Jin-Young ရဲ့ စိတ်ကို ခန့်မှန်း လို့မရဘူး.. သူ့ကို ယုံကြည့်လို့ရ လား?? ဆိုတာ မဆုံးဖြတ်နိုင်ဘူး.. ဒါပေမဲ့လဲ Kazanက တောင် ယုံကြည်ပြီး President ခန့် ထားတဲ့သူမို့
Kazan အစီစဉ်ကို လက်ခံပေး ခဲ့တယ်...၊ Jin-Young ရဲ့ ပုံစံက စကားနည်းပြီး အေးဆေးတယ်၊ သူ့ပါးစပ်က အပိုတစ်လုံး မှမပြောဘူး.. ၊ ဒါပေမဲ့ အေးစက်ပြီး ချေတဲ့ပုံစံမျိုး မဟုတ်ဘူး..
သဘောကောင်းတယ်.. ၊
မျက်နှာ ကတည်နေရင် လဲလုံ၀ gentleman တစ်ယောက်လိုပဲ၊
အပြုံးတွေက ချိုနေပြီး.. အခြားမိန်းကလေးတွေ အမြင်မှာတော့ အရမ်းချစ်ဖို့ကောင်း နေမှာ အမှန်ပဲ ၊ဒါတွေအားလုံး က Momo မြင်ရတဲ့ Jin-Young ရဲ့အပြင်ပိုင်း ပုံစံတွေ ပဲ ၊ ဒါပေမဲ့ သူ့ရဲ့မျက်လုံး ထဲကို ကြည့်လိုက်ရင်တော့..ဘလာ သက်သက်ပဲ..ဘာကိုမှ မမြင်ရဘူး
Momo လဲ အဲ့အချက်တွေကြောင့်.. Jin-Young အကြောင်းကို ပိုပိုပြီး သိချင်လာတယ်..၊ အဲ့မျက်လုံးတွေ က သူ့ စိတ်ကို စွ ပေးနေသလိုမျိုး..၊Momo လဲ အလိုက်ထိုက်လေး စကားပြောပေး ရင်း..၊ သူ့ခေါင်းထဲမှာ အဲ့မျက်လုံးတွေရဲ့နောက်ကွယ်ကို အရမ်းသိချင်နေမိတယ်..၊
အဲ့လိုနဲ့ စကားဝိုင်းပြီးသွားတော့...၊
" ဒါဆို ကျနော် ကို ခွင့်ပြုပါဦး.."
Jin-Young က ခုံ ကနေ ထလိုက်ပြီး.. Momo ကို တချက်ပြုံး ပြပြီး ထွက်သွား တော့မဲ့ ချိန်မှာ...၊" ကျွန်မ အပြင်ထိ လိုက်ပို့ပေးမယ်လေ " Momo ကပြုံးပြပြီးပြော လိုက်တယ်..
ပြီးတော့ Kazanကို ခွင့်တောင်းတဲ့ အကြည့်တွေနဲ့ကြည့်လိုက်တယ်
Kazanလဲ အဲ့စကား ကြောင့် နည်းနည်း အံဩမိသွားတာပေါ့..
Kazanလဲ ပြန်ပြုံးပြပြီး.. ရတယ် ဆိုတဲ့ အမူအရာပြလိုက်တယ်.." ဒါဆို..." Jin-Young က သွား ရအောင်ဆို အမူအရာနဲ့ ပြော လိုက်တယ်..။
Jin-Young ရဲ့ကား ရှိရာကို လိုက်ပို့ပေးတဲ့ လမ်းတွင် ..
Jin-Young ဘက် ကအရင်..
" စိတ်ဖိစီးလား??" (ငယ်ငယ်လေးနဲ့ လူကြီးအလုပ်တွေလုပ်နေရလို့ပြောတာ)
Jin-Young ရဲ့ ရင်းနှီး ပြီး.. တိုတုတ် တဲ့ စကားကြောင့်
Momo ပထမတော့ ဘာကို ဆိုလိုလဲ နားမလည်
နောက်မှ..
YOU ARE READING
My PARADISE : SaiDahMo Love Story : Fanfiction
AcakThe Spot beside you is like the Paradise for me .