Chapter 22 - Unexpectedly

110 9 2
                                    

( Warning - Flash back Chapter )

{Flash back}

Dahyun ရဲ့မွေးနေ့ မရောက်ခင်...
Sana နဲ့ Dahyun သူတို့သွားနေကျ Coffee ဆိုင်မှာ...
ပျော်ပျော်ရွှင်ရွှင်ပဲ .. စကားတွေပြော နေကြတယ် ..
စာမေပွဲဖြေပြီးသွား ပြီမို့...
စိတ်ညစ်စရာတွေ အား လုံး ကို ခန မေ့ထား ရင်း...
Sana တစ်ယောက် ...
Dahyun ရဲ့ မွေးနေ့ရောက်တော့မှာ မို့ စိတ်လှုပ်ရှားနေမိတယ်..
Dahyun အတွက် လက်ဆောင်ကို သူစဉ်းစား ပြီးသားလေ..
လွန်ခဲ့တဲ့ တစ်လလောက်ကတည်း ကပေါ့...
အဲ့လို စကားပြောနေတဲ့အချိန် ..
Sana တို့စားပွဲ စီကို မိန်းကလေးတစ်ယောက်က ရောက်လာတယ်...ပထမတော့ သတိမထား မိသေးဘူး..
ဒီလိုပဲ ဆိုင်ကို လာတဲ့.. customer တစ်ယောက်လို့ ထင်တာပေါ့...
ဒါပေမဲ့...

" Sana... ညီမလေး...." ရင်းနီးလှတဲ့ ခေါ်သံကြောင့်.. Sana တစ်ကိုယ်လုံး.. တုန်သွားပြီး.. လက်ရှိ Dahyun နဲ့ပြောနေတဲ့ကိစ္စတွေ အကုန်လုံး ဘယ်ရောက်သွား မှန်း မသိ ဖြစ်သွားတယ်...
Sana တို့နှစ်ယောက်လုံး အသံရဲ့ လာရာကို ကြည့်လိုက်မိ တာပေါ့...
Dahyun အတွက်ကတော့ .. အခုမှ မြင်ဖူးတဲ့ သူစိမ်းသက်သက်ပဲ.. ဒါပေမဲ့ Sana အတွက်ကတော့...
သူမမြင်ရတာ ကြာပြီ ဖြစ်တဲ့ မျက်နှာလေး ကို ပြန်မြင်လိုက်ရတယ်.. သူဘေး မှာ ရှိနေတုန်း က လိုပုံစံမျိုး မဟုတ်တော့ဘူး.. အဲ့တစ်ယောက်ရဲ့ပုံစံက စိတ်ညစ်စရာတွေ အများကြီး ကြုံတွေ့နေရသလိုမျိုး.. မျက်နှာ ကလဲ အရင်ထက်ပိန်ကျနေတယ်..၊ Sana လဲ မြင်မြင် ချင်း ၀မ်းနည်းမိသွားတာပေါ့.. သူ့ရင်ထဲမှာ စို့နှစ်သွား ပြီး.. မျက်ရည်လေးတွေ ဝဲစ ပြုလာတယ်...၊ ဒါပေမဲ့ အဲ့တာ တွေက ခနပါ.. အဲ့တစ်ယောက်သူ့အပေါ်လုပ်ခဲ့တာတွေ ခေါင်းထဲ ပြန်ရောက်လာပြီး.. မျက်လုံးတွေက ချက်ချင်း အသက်မဲ့ သွားတယ်..

" Unnie.. ဘာလိုချင်လို့လဲ?.."
အေးစပ်နေတဲ့ အသံတွေနဲ့ ပြော ပြီး မျက်နှာ လွှဲ လိုက်တယ်...၊ Dahyun အတွက်တော့ စိတ်တို‌ပြီး အရောင်မရှိတဲ့မျက်လုံးတွေနဲ့ Sana ကို ပထမဆုံး မြင်ဖူးတာပဲ... Dahyun လဲတုန်လှုပ်နေမိတာပေါ့..
အမြဲ ပျော်ရွှင်တက်ကြွပြီး အရာရာ ကို အကောင်းမြင်တက်တဲ့ Sana က ဒီလို Moodမျိုးပြောင်းသွား နိုင်လိမ့်မယ်လို့
ဘယ်တုန်း ကမှ မထင်ထား ခဲ့ဘူး.... နောက်ပြီး အဲ့ တစ်ယောက်..
( အဲ့ တစ်ယောက်က ဘယ်သူမို့လို့ .. Sanaခုလို ဖြစ်သွား ရတာလဲ?... မဟုတ်မှလွဲရော.....)

My PARADISE : SaiDahMo Love Story : FanfictionWhere stories live. Discover now