HH (Yaoi)
Part 4
ဒီနေ့ညတစ်ညလုံးတော့ Sehun အိပ်လို့ ရတော့မည်မထင်.. သူ့ဘဝရဲ့ အိမ်မက်ဆိုးက သူ့ကိုခြောက်လန့်နေတာ ဒီတစ်ကြိမ်တော့အဆိုးဝါးဆုံးဖြစ်သည်.. ဒီအိမ်မက်က နိုးထလာချိန် သူ့ဘေးမှာ တစ်ယောက်မှ ရှိမနေခဲ့တာလည်း ကာလတစ်ခု ကြာခဲ့ပြီလေ..
Sehun ချွေးသံတရွှဲရွှဲနဲ့ မောဟိုက်နေကာ ကုတင်ဘေးက ရေသန့်ဘူးကို ဖွင့်သောက်လိုက်မှ စိတ်နည်းနည်းငြိမ်သွားတော့သည်.. နာရီကြည့်တော့..
2:30 AM..
ပြန်အိပ်လို့လည်းရတော့မယ် မထင်.. သူကုတင်ပေါ်က ထကာ bathroom ထဲမှာ မျက်နှာသစ်လိုက်တော့မှ ကြည်လင်သွားကာ ငြီးစီစီနောက်ကျိနေတဲ့စိတ်တွေလွင့်ပါးသွားရသည်.. ဒါပေမယ့် မျက်လုံးထဲက အရိပ်တွေကိုတော့ ဖျောက်ဖျက်လို့မရ.. ပုံရိပ်တွေလို လှုပ်ရှားနေတဲ့ အဲ့အရိပ်တွေမြင်တိုင်း သူခက်ထန်ခဲ့ရသည်..
အခုလိုဖြစ်နေတဲ့ ညမျိုးမှာ စွဲလန်းနေခဲ့ရတဲ့ မျက်ဝန်းလေးတစ်စုံကတော့ အိပ်စက်အနားယူနေလောက်ပြီလား.. အရည်လဲ့တဲ့ မျက်ဝန်းလွှာလေးတွေကို အသာအယာမှိတ်ပြီး အေးချမ်းစွာ အိပ်ပျော်နေမလားပင်..
အခုချိန်မှာ Luhan ဆိုသည့် ကောင်လေးကို သူတမ်းတမ်းတတဖြစ်နေမိသည်.. မနေ့ညက ကောင်လေးဆီက ဖုန်းမလာခဲ့ပါဘူး.. ဒါဟာ အေးစက်စက် ထုံပေပေ Oh Sehun style မဟုတ်ပေမယ့် မရှက်တမ်းဝန်ခံရရင် သူမျှော်တော့ မျှော်နေမိတာ အမှန်..
သူ့ဘယ်ဘက်လက်မှာ ဝတ်ထားဆဲဖြစ်တဲ့ ring လေးကို ကြည့်ရင်း ပြုံးနေမိပြန်ပြီ.. ဒီလိုဆိုးရွားတဲ့ ညမျိုးမှာ မင်းနဲ့စကားပြောရရင် ဘယ်လောက်ကောင်းမလဲ Lu..
ဒါပေမယ့် သူလေးကို အိပ်ရေးပျက်သွားမှာလည်း စိုးမိသည်.. ဘယ်လိုမှ နေမရတဲ့အဆုံးမှာတော့ Good night လို့ ချိုသာအေးမြစွာ ပြောတတ်တဲ့ ခပ်လန်းလန်းကောင်လေးဆီကို သူဖုန်းခေါ်မိလိုက်ပါပြီ..
ခွင့်လွှတ်ပါ.. bambiလေး..
လိုင်းက တစ်ချက်တည်း ဝင်သွားပြီးနောက်.. ကောင်လေးဖုန်းကိုင်မယ်လို့ သူလုံးဝမျှော်လင့်ထားပါဘူး.. ဒါပေမယ့် သူကချက်ချင်းဆိုသလို ဖုန်းကိုင်ပါသည်..