1st Mission to your heart

7K 605 13
                                    

HH (Yaoi)

Part 2

^^ Hey!! Luhan.. အသက်လေးဘာလေးလဲ ရှူပါဦး.. ဘာလဲ မင်းက စ,မစရသေးဘူး.. Oh Sehun ကို ကြွေကျပြီး မြေခချင်နေပြီထင်တယ်.. ^^

ဟိုဘက်ဝိုင်းဆီ စူးစိုက်ကြည့်ကာ ဘာတွေ တွေးနေမှန်းမသိသော Luhan ကို Baekhyun က ရွဲ့လိုက်တာပါ.. Luhan က Oh Sehun ဆိုသော နာမည်တစ်လုံးနှင့် မာနမိုးကိုယ်တော်ဆီမှ အကြည့်တွေကို ပြန်ရုတ်သိမ်းကာ အေးဆေးပါ ဆိုတဲ့အထာနဲ့ ထိုင်ခုံကို ကျောမှီလိုက်ရင်း..

^^ Haha.. နားစမ်းပါ.. Baekရာ.. ကြွေကျမြေခရမှာ ငါမဟုတ်ဘူး.. သူ.. Oh Sehun . ကဲ ထားပါလေ မင်းတို့ တစ်ကျောင်းတည်းတက်တဲ့သူတွေပဲ.. သူ့dataတွေရှိမယ် ဟုတ်တယ်ဟုတ်? ^^

^^ ရှိပါတယ်.. မပူပါနဲ့.. ငါ့သူငယ်ချင်းမ ဟိုဖျံရဲ့ အဆက်ဟောင်းကြီး Hanna ဆီမှာ မင်းလိုချင်တဲ့ data တွေ ပိုစုံမှာပေါ့.. အခုချိန်ဆို first class ပြီးလောက်ပြီ.. သွားရအောင်.. ^^

^^ Sure.. ^^

Luhan ကျောပိုးအိတ်ကို ဟန်ပါပါနဲ့ကောက်လွယ်ရင်း ကျသင့်ငွေကိုရှင်းကာ Baek တို့နောက် လိုက်လာခဲ့တော့သည်..

Oh Sehun..

ဘယ်လို နှလုံးသားမျိုးရှိသူပါလိမ့်...

_____________ Wish____________

Luhan တစ်ယောက် dinner စားပြီး ကိုယ့်အခန်းထဲမှာပဲ TV ကြည့်နေရင်းက နာရီဆီ တစ်ချက်အကြည့်ရောက်သွားသည်..
9:30 P.M.. အချိန်ကျပြီ.. ဒီအချိန်ဆို ဟိုတစ်ယောက်က ပုံမှန် online တက်နေကျ ဆိုတာ သူသိထားပြီးဖြစ်ပါသည်.. ဒါ့ကြောင့် သူ intro ဝင်ရန် ဒီအချိန်က အကောင်းဆုံးလို့ သတ်မှတ်ကာ..

Luhan ဖုန်းကို ကောက်ကိုင်လိုက်ရင်း သူ့ main target ရဲ့ ph.no ကို နှိပ်လိုက်သည်.. ဖုန်းက တစ်ချက်တည်း ဝင်သွားပြီးနောက်...

^^ Hello? ^^

Huh! .. phထဲမှာတောင် တည်ငြိမ်စူးရှနေတဲ့ ကြည်လင်သော အသံပိုင်ရှင် Oh Sehun ဟာ မိန်းကလေးတွေကို ခြွေနိုင်မှာ မလွဲ..

^^ Good night ပါ.. Sehun ^^

တစ်ဖက်မှ လှောင်သလိုလို ရယ်သံသဲ့သဲ့ ကြားရသည့်အတွက် Luhan ပြုံးလိုက်သည်.. သူတွက်ထားတဲ့အတိုင်း ကွက်တိပဲလေ..

WishWhere stories live. Discover now