It's useless.

1.6K 230 40
                                    

" လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ-... "

54 ကြိမ်မြောက် ခေါ်ဆိုမှုအပြီးမှာ Luhan စိတ်ဓာတ်ကျသွားသည် ဖုန်းကိုကြည့်ကာခေါင်းငိုက်စိုက်ကျနေသော Luhan ကိုကြည့်ရင်း ဘေးကနှစ်ယောက်လည်း မသက်သာပါ.. စိတ်မကောင်းဖြစ်ရုံအပြင် ဘာမှလည်းလုပ်မပေးနိုင်တာမို့ Baekhyun ကိုယ့်ပါးစပ်ကိုယ်သာဖြတ်ရိုက်ချင်လာသည်..

" ငါတောင်းပန်ပါတယ်ကွာ.. တကယ်ဆိုအဲ့လိုနေရာမျိုးမှာ မပြောလိုက်သင့်ဘူး.. ငါကိုက မှားတာ "

" မင်းအပြစ်ချည်းပဲ မဟုတ်ပါဘူး.. စလုပ်ခဲ့မိတဲ့ ငါကိုယ်တိုင်လည်းပါတယ်.."

Luhan လက်ထဲက အပြာနုရောင် စာရွက်ခေါက်ကလေးကို နောက်တစ်ကြိမ်ပြန်ကြည့်လိုက်မိသည်..

✉️" အချစ်ဆိုတာ သံယောဇဉ်ရပ်ဝန်းတစ်နေရာက သစ်ပင်လေးတစ်ပင်ဆိုရင် သံယောဇဉ်တွေနဲ့ ရစ်ပတ်ထားပြီး ကိုယ့်ကို သစ်ပင်လေးတစ်ပင် လက်ဆောင်ပေးခဲ့တဲ့ မင်းကို ကိုယ်တော့ ချစ်မိနေပြီ.. Lu "✉️

Lu မျက်လုံးတွေကိုမှိတ်လိုက်မိတော့ လွန်ခဲ့တဲ့ သုံးရက်က အဖြစ်အပျက်တွေက ခေါင်းထဲတန်းစီကာဝင်လာသည်..

ကြမ်းပြင်ပေါ်က စာရွက်ခေါက်ကလေးကိုတောင် ကောက်မယူနိုင်ဘဲ ချာခနဲလှည့်ထွက်သွားတဲ့ ကျောပြင်နောက်မှာ ကျွန်တော့်ရဲ့ရင်ခုန်သံတွေကပ်ပါသွားခဲ့သည်.. မယုံကြည်နိုင်လောက်အောင် အံ့အားသင့်နေသော Hun မျက်ဝန်းတွေနောက်မှာ ပြောစရာစကားတွေပျောက်ရှကုန်လောက်အောင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့ပါ

ဒီစာရွက်ကလေးကိုတွေ့တော့ပိုပြီးတော့တောင် မျက်ရည်ဝဲလာမိသည်.. အဲ့ဒီခံစားချက်ကြီး.. သူကျွန်တော့်ကို ဥပက္ခာပြုထားရက်တဲ့ ခံစားချက်ကြီး.. သူ့မျက်ဝန်း သူ့အသံ သူ့အထိအတွေ့ သူ့ရဲ့ ဂရုစိုက်မှုတွေနဲ့ မတွေ့ရတဲ့နောက်ပိုင်း ကျွန်တော်ကိုယ်တိုင်လည်း စားချင်စိတ်ပျောက်ဆုံးလာသလို အရင်ကလိုတက်ကြွနေတာမျိုးလည်းမရှိတော့..

မှိုင်တွေငေးမောကာ အချိန်ပြည့် ငိုလိုက်ရယ်လိုက်နဲ့ အရူးတစ်ယောက်လိုဖြစ်နေသော ကျွန်တော့်ကိုကြည့်ပြီး Baekhyun နဲ့ Soo လည်း သက်ပြင်းကိုသာ တွင်တွင်ချနေတတ်သည်..

WishWhere stories live. Discover now