Such a Ferocity

1.6K 215 63
                                    

မျက်စိရှေ့က ကံ့ကော်ပင်ပျိုလေးကိုကြည့်မိတော့ မြင်ကွင်းတစ်ချို့က တရိပ်ရိပ်ပေါ်လာတယ်.. တစ်ချိန်က ဒီပင်ပျိုလေးနားမှာ ရင်ခုန်ခြင်းမမည်သာသော နွေးထွေးလှိုက်ဖိုခြင်းတွေရှိခဲ့ဖူးတယ်.. ရီမောသံ စနောက်သံတွေ ကြီးစိုးခဲ့ဖူးသလို တစ်ခါတစ်ရံ စကားမဆိုမိကြဘဲ တိတ်ဆိတ်စွာ လှိုက်မောခြင်းတွေလည်း နှစ်ဦးသားရင်မှာဖြစ်တည်ခဲ့ဖူးတယ်..

အပင်ငယ်လေးဘဝပဲရှိသေးတာမို့ ကံကော်ပွင့်လေးတွေ မပွင့်သေးပေ.. အဲ့ဒီလို မက်မောစရာမရှိတဲ့ အရာမှာ အများရဲ့ အာရုံစိုက်မှုတွေလည်း မရှိခဲ့ဘူး.. ခု ကျွန်တော့်ဘဝလိုပေါ့ ကျွန်တော်ဟာ မြေပြင်ပေါ်မှာ သူလိုငါလို လမ်းလျှောက်နေတဲ့ သာမန်ကောင်လေးတစ်ယောက်ပဲ.. ကျွန်တော့်မှာ အများအားကျစရာမရှိသလို အားကျခံဘဝမဟုတ်ဘူးလို့လည်းခံယူထားခဲ့တယ်.. ဒါပေမယ့် သူနဲ့ နီးကပ်စဉ်ကာလတွေတုန်းကတော့ တစ်မျိုးပေါ့လေ.. ကျောင်းရဲ့ ဘုရင်လေးဖြစ်သူရဲ့ ဂရုစိုက်မှုတွေ အကြင်နာတွေ အများကြီးခံယူခွင့်ရတဲ့ ကျွန်တော့်ကို မိန်းကလေးအတော်များများက အားကျတာတွေ မနာလိုတာတွေဖြစ်ခဲ့ကြတာပေါ့..

အဲ့တုန်းကတော့ ကျွန်တော်က သိပ်ကိုကံကောင်းခဲ့သူပေါ့.. Sehun နဲ့ကျွန်တော်တွဲနေပြီလို့တောင် ရင်းနှီးတဲ့ သူငယ်ချင်းအများစုက လက်ခံထားခဲ့ကြသေးတယ်..အခုကျွန်တော့်ကိုကျွန်တော် မှန်ထဲပြန်မကြည့်ချင်လောက်အောင် တွေဝေစိတ်ဓာတ်ကျနေခဲ့တာ.. ဖမ်းဆုပ်လုနီးနီး အရာတစ်ခုကို ပုတ်ချခံရတဲ့ အဖြစ်ကို ခင်ဗျားတို့ ခံစားဖူးလား...

သေချာတယ်.. ခင်ဗျားတို့ ခံစားဖူးချင်မှာမဟုတ်ဘူး သိပ်နာကျင်ကြေကွဲရလွန်းလို့ပေါ့..

ပါးပေါ်က မျက်ရည်တစ်ချို့တစ်ဝက်က ဒီကံကော်မြေပေါ်ကို ခုန်ပေါက်ဆင်းသွားကြတယ်.. သဲသဲကွဲကွဲမရှိတဲ့ ဒီဝေဝေဝါးဝါးမြင်ကွင်းကိုပဲ ကျွန်တော် မှိုင်တွေစွာ ငေးမောမိတာ သိပ်ရူးကြောင်ကြောင်နိုင်လွန်းသလိုပဲ သြော် အသည်းကွဲတယ်ဆိုတာ ဒါမျိုးပါလားလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်တော်အကြီးအကျယ်တုန်လှုပ်မိပြီ..

WishWhere stories live. Discover now