Found out

2.4K 307 22
                                    

"ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရ msg လည်း ပြန်မပို့ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိ သေသလားရှင်သလားလည်း မသိ"

"သေသလား ရှင်သလား မသိရအောင် ငါက စစ်သွားတိုက်တာမှမဟုတ်ဘဲ"

ကားသော့ကို စားပွဲပေါ်ပစ်တင်လိုက်ရင်း အိပ်ယာပေါ်လှဲမိတော့ Baek နဲ့ Kyungsoo က သူ့ကို အိပ်ယာပေါ်က ဆွဲထူသည်..

" ဟျောင့်တွေ.. ငါအိပ်ချင်ပြီကွ.. မနက်အစောကြီး ထ,ထားရတာ "

" နေဦး.. မင်းအိပ်လို့မရသေးဘူး ငါတို့ကို အကျိုးအကြောင်းပြောခဲ့ဦးလေ.. "

" ဘာပြောရမှာလဲ.. ဘာမှမှ ထွေထွေထူးထူး မဖြစ်တဲ့ဟာ.. "

မျက်လုံးမှိတ်ထားရင်း ခေါင်းအုံးပေါ် မျက်နှာမှောက်ကာ ညည်းညည်းညူညူပြောမိတော့ လက်သွက်တဲ့ Baek က Luhan ဂုတ်ပိုးကို ဆတ်ခနဲရိုက်လိုက်သည်..

" အ! နာတယ်ကွ ! "

" အေး.. နာမှန်းသိသေးရင် မအိပ်ချင်သေးဘူးဆိုတာ သေချာတယ်.. ပြောကွာ မြန်မြန်ပြော မြန်မြန်အိပ် ပြီးနေရောကို.. "

Luhan သက်ပြင်းကြီးကြီးသာ ချမိပါသည်..

💬Flashback💬

Sehun သူ့ဘေးက အတူယှဉ်ပြီးလျှောက်နေတဲ့ကောင်လေးကို ငဲ့ကြည့်မိသည်

မျက်တောင်ရှည်တို့က တဖျတ်ဖျတ်လူးလွန့်နေပုံက တစ်မျိုးလေး ချစ်ဖို့ကောင်းနေသည့်အပြင် ပန်းနုရောင် နှုတ်ခမ်းလေးကလည်း ပြုံးယောင်ယောင်လေး သန်းနေပြန်သည်..

တလှိုက်လှိုက်နွေးလာသော နှလုံးသားကြောင့် ပြုံးမိရင်း ကံကော်ပင်တွေဆီ အကြည့်လွှဲမိသည်..

ကံကော်တန်းလေးအဆုံးရောက်တော့ Lu က ရုတ်တရက် ထိုင်ချလိုက်ကာ ကျွန်တော့်လက်ကိုပါ ဆွဲ၍ထိုင်စေသည်..

" Sehun-ah .. ဒီအပင်လေးကို တွေ့လား? "

Lu လက်ညှိုးညွှန်ရာဆီ ကြည့်မိတော့ ကံကော်ပင်ပေါက်ကလေးကို တွေ့လိုက်ရတယ်

" အင်း.. တွေ့တယ် "

" အဲ့တာ Sehun အတွက် မွေးနေ့လက်ဆောင် "

ကျွန်တော့်ကို မကြည့်ဘဲ အဝေးတစ်နေရာကို ငေးရင်း ပြုံးနေသော Lu ကို ဒီအတိုင်းပဲ ငေးကြည့်နေမိတယ်..

WishWhere stories live. Discover now