Wish

13.2K 729 22
                                    

HH(Yaoi)

Part 1

^^ ကျစ်!! မင်းကို feel မလာတော့ဘူးလို့ ကိုယ်ပြောပြီးပြီလေကွာ.. ^^

ကောင်လေးတစ်ယောက်ရဲ့ စကားတွေ အောက်မှာ ကောင်မလေးတစ်ယောက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရင်း...

ကောင်လေးရဲ့ လက်မောင်းကို ကောင်မလေးက လှမ်းကိုင်လိုက်ပေမယ့် ကောင်လေးက ဆတ်ခနဲ ဖယ်ချလိုက်လေရဲ့..

^^ Se-Sehun.. ငါ-ငါ ဘာအမှားတွေ လုပ်ခဲ့မိလို့လဲဟင်.. နင်ကို စိတ်ဆိုးစေတယ်ဆိုလည်း ငါတောင်းပန်ပါတယ်.. ဒါ-ဒါပေမယ့် လမ်းခွဲမယ့်စကားကိုတော့ မပြောပါနဲ့ဟာ.. ငါ့ကို ခွင့်လွှတ်ပေးပါနော်.. ^^

Sehun's pov:

သူ ဒါမျိုးတွေ စိတ်ပျက်တာ ဖြစ်သည်.. မတွဲတော့ပါဘူးဆိုနေမှ အတင်းကာရော လိုက်ကပ်နေတဲ့ မိန်းမတွေကို သူအမုန်းဆုံး.. ကျောင်းသားသဘာဝ တွဲကြတာက သက်သက်တစ်ပိုင်း.. ဖြတ်ပြီဆိုရင်လည်း အငြိမ်ဇယားမျိုးနဲ့ ပြီးသွားချင်တာဖြစ်သည်.. ဒီလိုလာရစ်နေတာတွေ နောက်က တကောက်ကောက်လိုက်နေတာတွေက သူ့အတွက် အတော်ကို feel out ပါသည်..

လက်နှစ်ဖက်လုံးကို Jenn pan ထဲ ထိုးထည့်ရင်း သူ့ရှေ့က မျက်ရည်လည်ရွဲနဲ့ ကောင်မလေးကို ကြည့်လိုက်သည်..

^^ အဟက်.. ဒီမှာ.. မင်းကို ကိုယ်တစ်ခုပြောလိုက်မယ် Hanna.. ကိုယ့်နှလုံးက မိတ္တူတွေ တစ်ပုံကြီးဆွဲထားပြီးသား.. မင်း နောက်တစ်ယောက် ထပ်ရှာလိုက်ပေါ့.. Ok? ^^

^^ ဟင့်အင်း.. Japal.. ကျေးဇူးပြုပြီးတော့.. ငါ့ကို သနားပါ Sehun ရယ်.. ငါ-ငါနင့်ကို တကယ်ချစ်ခဲ့မိတာပါ.. နင်မကြိုက်တဲ့ အချက်တွေ ငါပြင်ပါ့မယ်.. နော်.. နင်မရှိဘဲ ငါမနေနိုင်ဘူး.. ငါ သေသွားလိမ့်မယ်.. Sehun.. ငါတို့ပြန်တွဲကြရအောင်နော်..plz..^^

ငိုသံစွက်နေသော အသံတုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သော Hanna ကို ကြည့်ရင်း သူ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်.. နှာရိုးပေါ်ကျနေတဲ့ sunglasses ကို ပင့်တင်ရင်း သူသုံးနေကျ အထိရောက်ဆုံး တော်လ်ကီကို ကျွေးပြီး ကားဆီ ထွက်လာခဲ့တော့သည်..

^^ Haha.. ဆုတောင်းလေ.. ^^

_______________________________

Luhan တစ်ယောက် ကုတင်ပေါ်မှာ laptop နဲ့ chatting ဝင်နေရာက ဖုန်းကထမြည်လာ၍ ကောက်ကိုင်လိုက်သည်..

WishWhere stories live. Discover now