One bitter sweet wish

1.6K 183 27
                                    

ချွေးစေးတို့နဲ့အတူနိုးထလာသောအခါ ကျွန်တော့်ရင်မှာ မောဟိုက်နေသည်.. အချိန်က ည ၂ နာရီပင်ထိုးလုပြီ.. ထ,ထလာချင်းပင် ခေါင်းမှာတဆစ်ဆစ်ကိုက်နေသော ဝေဒနာကြောင့် နားထင်ကိုလက်နှင့်ဖိလိုက်တဲ့အခါမှ ပတ်တီးထူထူတို့ကိုစမ်းမိလိုက်တယ်..

မျက်နှာကျက်ဖြူဖြူဟာ ညအလင်းရောင်အောက်မှာဝိုးတဝါး.. ကျွန်တော်ဘယ်ရောက်နေတာလဲ?

ဘေးဘီကိုလှည့်ကြည့်ခါမှ ကုတင်ဘေး ထိုင်ခုံပေါ်တွင် နွမ်းလျစွာ အိပ်ပျော်နေသော အဖေဖြစ်သူနှင့် ဆိုဖာပေါ်တွင် ကျွန်တော်ငယ်ငယ်ကခေါင်းအုံးလေးကို ဖက်လျက် အိပ်နေသော အမေ..

ကျွန်တော့်ကိုစောင့်ရင်း အဆမတန်ပင်ပန်းနွမ်းနယ်ဟန်ရှိနေသော မိဘနှစ်ပါးနှင့် ကျွန်တော့်ကိုအိပ်မက်ထဲမှာပါ ရက်စက်နိုင်လေသူတစ်ယောက်ကို တွေးမိတော့ အားငယ်စိတ် နာကျည်းစိတ် မုန်းတီးစိတ် ချစ်စိတ် အားနာစိတ်တို့ ရောထွေးကာ မျက်ရည်က ပိုးပိုးပေါက်ပေါက်ကျလာတော့တယ်.. နှလုံးသားကစူးအောင့်နာကျင်မှုက လက်ဖဝါးက သွေးကြောမျှင်တွေထိကို ရိုက်ခတ်လာရုံသာမက ခေါင်းကပိုလို့တောင်ထိုးကိုက်လာတော့တယ်..

အာခေါင်တွေပါခြောက်လာတော့ ကုတင်ဘေးစားပွဲပေါ်ခပ်လှမ်းလှမ်းက ရေဘူးကို လက်လှမ်းမိသည်.. ရေဘူးက တစ်ဖက်စွန်းရောက်နေတဲ့အတွက် ခါးကိုဆန့်ရင်း လက်လှမ်းနေရာကနေ အရှိန်လွန်ပြီး ကုတင်အောက်ပြုတ်ကျသွားတော့တယ်.. အဲ့ကျမှ အဖေရော အမေရော နိုးလာပြီး ကျွန်တော့်ကို အလျင်အမြန်ထွေးပွေ့လိုက်ကြသည်..

"သားငယ်., သားငယ်ကို မားတို့ ဆုံးရှုံးလိုက်ရပြီ ထင်ထားတာ ငါ့သားလေး "

အမေကပြောပြီး ရှိုက်ကြီးတငင်ငိုရှာသည်.,

"သားရယ်.. မသေကောင်းမပျောက်ကောင်း "

အဖေကအသံတုန်တုန်ယင်ယင်ကြီးနဲ့ သူ့ပခုံးတွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့သည်.. ပါးပြင်မှမျက်ရည်တို့ကို ပွတ်ဆွဲကာ အဖေနဲ့အမေကိုပြန်ဖက်ထားဖို့ ယာင်ယမ်းထလိုက်မိတော့ ကြမ်းပြင်မာမာနဲ့ တံတောင်ဆစ်နဲ့ဒုတိယတစ်ခေါက် မိတ်ဆက်မိသွားတယ်.. ကျွန်တော်.. ကျွန်တော့်ခြေထောက်တွေကို ခံစားလို့မရပါလား..

WishWhere stories live. Discover now