(1)

1.5K 148 127
                                    

(Unicode)

(Warning : Adult Content )

ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
       " ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။

…………

" ဟူး …… ပင်ပန်းလိုက်တာကွာ…… "

အလွန်အမင်းစိတ်ရှုတ်နေဟန်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဇိမ်ခံကားခုံ၏ သားရေနောက်မှီပေါ်သို့ခေါင်းမှီချလိုက်သည် ။ စိတ်ပျက်ဖွယ်ရာ အထွေထွေအစုရှယ်ယာ အစည်းအဝေးပြီးချိန်က ညနေပင်စောင်းသွားချေပြီ ။

"သွားနေကျ နေရာပဲလား ဆရာ…… "

ကားဒရိုင်ဘာကမေးတော့ အမျိုးသားက အင်း ဟုဖြေလိုက်သည်။ မျက်လုံးများကို မှိတ်၍ အနားယူနေချိန် ဆူဆူညံညံ မြည်လာသော ဖုန်းသံကြောင့် မျက်မှောင်ကျုံ့လိုက်မိသည်။ ဖုန်းမျက်နှာပြင်ပေါ်သို့ ကြည့်လိုက်တော့ - မိန်းမ - ဆိုသော နာမည်ကိုတွေ့လိုက်ရသည် ။

"အေး… ပြော……  "

ကျစ်ကနဲ စုတ်သပ်ကာ ဖုန်းကိုင်လိုက်သည် ။ တဖက်မှ အသံလေးက သိသိသာသာတိုးဖျလျက်ရှိသည် ။

" ဟိုလေ… ယောက်ျားရေ… အချိန်များရှိရင် ကျမအတွက် ဟိုတနေ့ကဝယ်လာပေးတဲ့ အသီးအရွက်သုပ်လေး  …  "

" ဝယ်ခဲ့ပေးရင် ပြီးတာပဲမလား……  ဒါပဲ…… "

တဖက်က ပြောလာမည့်စကားကို စောင့်မနေတော့ဘဲ ဖုန်းကို ခပ်ကြမ်းကြမ်း ချပစ်လိုက်သည် ။ ဖန်တရာတေနေသော ကျေးဇူးတင်စကားများကို သူ မကြားလိုတော့ ။

အဲ့တုန်းက သမီးကြီးသာ ရှိမနေခဲ့လျှင် …… ။

……………

" ဟာ … လူကြီးမင်း ကြွပါ… ကြွပါ……  "

ဆူဆူညံညံ ဒီဂျေသံများ ညံပွက်နေသော မြေအောက်ခန်းကျယ်ကြီးထဲသို့ ဆင်းလာချိန်တွင် မန်နေဂျာဖြစ်သူက ပြာပြာသလဲ ခရီးဦးကြိုသည်။

" ဟောဒီမှာ…  လူကြီးမင်းအတွက် နေရာပေးပါဟေ့… "

ခန်းမလယ်တွင် ကခုန်နေသော ယောက်ျားမိန်းမအပေါင်း ကို ရှုစားနိင်သော အရက်ဘားဘေး ဗီအိုင်ပီထိုင်ခုံများထဲမှတနေရာတွင် ထိုင်လိုက်သည်။ ဒီဂျေခုံမှလာသော ဘေ့စ်သံက စည်းချက်ညီကာ မြူးကြွလွန်းသည် ။ လှပသော ယောက်ျားမိန်းမတ်ို့က အချိုးအကွေ့တို့ဖြင့်ပြည့်စုံသော ပန်းပုရုပ်လို ကိုယ်ခန္ဓာတို့ကို လှပစွာလူးလွန့်နေကြသည် ။

C H E R R Y Where stories live. Discover now