(6)

353 73 84
                                    

(Unicode)

……

( Warning :  Huge Adult Content )

ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
       " ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။

……………

- သား မှတ်ထား…  မိန်းမတွေဆိုတာ ယောက်ျားတွေအတွက် မွေးဖွားလာတာပဲ … -

ဒီစကားကို သူ့ဖခင်က သူ့မိခင်၏တင်သားများကို ဖြောင်းကနဲအသံမြည်အောင် ရိုက်ရင်း ပြောခဲ့သည် ။ အလွန်အမင်းနာကျင်သွားရှာသော သူ့မိခင်၏ မျက်နှာက ရှုံ့မဲ့သွားသည်။ လဲကျတော့မည်အထိ ယိုင်ကျသွားခဲ့သော်လည်း သူ့မိခင်က စိတ်ဆိုးဟန်မပြ ။

သူ့မိခင်၏ နာခံတတ်မှုကြောင့်ပင် သူ့ဖခင်၏စကားကို သူ အကျွင်းမဲ့ယုံကြည်သွားသည် ။
မိန်းမ ဆိုတာ ယောက်ျားတွေအတွက် မွေးဖွားလာတာ… ။

တံခါးခေါက်သံတဒေါက်ဒေါက်က သူ့အတွေးများကို တိကနဲရပ်တန့်သွားစေသည် ။ သူ ပြုံးရင်း တုံ့ပြန်လိုက်သည် ။

" ဝင်ခဲ့ပါ … တံခါးသော့မခတ်ထားဘူး … "

တံခါးကို ညင်ညင်သာသာဖွင့်သံနှင့်အတူ အခန်းထဲသို့ တစုံတယောက်ဝင်လာသည် ။ ထိုတစုံတယောက်သည် ယောက်ျားဆန်သော ကောင်မလေးတစ်ယောက်… ။ 

ထိုကောင်မလေးတွင် သွယ်လျသောကိုယ်ဟန်ရှိသည် ။ နုညံ့သော ရွှေရောင်ဆံပင်လေးများကို ယောက်ျားဆန်ဆန် ခပ်တုိုတို ညှပ်ထားသည်။ အသားအရည်က ဖြူဖွေးမနေဘဲ ရွှေရောင်သမ်းနေသည် ။အနီရောင်ဘောင်းဘီပွပွအောက်မှ ခြေတံများက ရှည်သွယ်နေသည်။ အနက်ရောင်ခါးတိုအင်္ကျီ၏အောက်မှ မြင်နေရသော ဝမ်းဗိုက်သားများမှာ ကြွက်သားရေးရေးပင် ထလျက်ရှိသည် ။

ကြွက်သားများနှင့် သန်မာသော မိန်းမ… ။
သူ သဘောကျစွာ ပြုံးလိုက်သည် ။ ကိုယ့်နေရာကိုယ်မေ့နေသောမိန်းများကို ဦးချိုးရတာ သူ သိပ်သဘောကျသည်လေ ။
မိန်းမ ဆိုသည်မှာ ယောက်ျားတွေအတွက်ပဲ မဟုတ်ပါလား… ။

" ပါမောက္ခကြီး … ကျနော့်ကို ခေါ်တယ်ဆိုလို့ပါ… "

သူ့စားပွဲရှေ့တွင်လာရပ်သော သူမက ဆေးလိပ်သောက်တတ်သည် ထင်၏ ။ မသိမသာထူသောနှုတ်ခမ်းများက ခပ်ညိုညိုဖြစ်နေသည် ။ နှာတံစင်းစင်းနှင့် ပြေပျစ်သောရုပ်ရည်ကို ထူးခြားသွားစေသည်က ပတ္တမြားခဲများလို နီရဲနေသော မျက်ကပ်မှန်များပင် ဖြစ်သည်။

C H E R R Y Where stories live. Discover now