(2)

929 119 69
                                    

(Unicode)

( Warning :
Huge Adult Content / Humiliation / Rude words, etc;)

ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
       " ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။

……………

သူ ပြေးသည်… လျင်မြန်စွာ ပြေးသည် ။

ဒူးအထက် ဘောင်းဘီတို တစ်ခုမှ လွဲလျင် သူ၏ ပိန်ပါးပါးကိုယ်ပေါ်တွင် ဖိနပ်များပင် ရှိမနေပေ ။ သွက်လက်သည်ထက် ပို၍ ပြာယာခတ်နေသော သူ့ခြေလှမ်းများကြောင့် မကြာခဏမှောက်လဲသည် ။ သို့သော် သူ ကုန်းထ၍ ရှေ့ဆက်ပြေးလာသည်ပဲ ဖြစ်သည် ။

ရှည်လျားသော ဟောခန်းကျယ်၏ ဘေးတဖက်တချက်တွင် တံခါးပေါင်းများစွာကို သူ မြင်နေရသည် ။ သူ အနားရောက်လာချိန်တွင်မူ တံခါးတိုင်းက ဖြတ်ကနဲပျောက်ရှသွားသည်ပဲ ဖြစ်သည် ။ ရှည်လျား သော လှေကားထောင့်ချိုးများစွာကို သူ မြင်ရသည် ။ နှစ်ခါမစဉ်းစားဘဲ သူ ဝုန်းဒိုင်းကျဲကာ ပြေးဆင်းခဲ့သည် ။ လှေကားထစ်တို့၏ အဆုံးတွင် တံခါးတစ်ချပ် ရှိနေသည် ။ တံခါးက်ို လှစ်ကနဲ ဆွဲဖွင့်ကာ သူ ဝင်ခဲ့သည် ။

ပထမဆုံး ဗလာဖြစ်နေသော သူ့ခြေထောက်က တစုံတခုကို နင်းလိုက်မိသည် ။ ရေအိုင်တခုကို နင်းလိုက်မိသလို ပွက်ကနဲ မြည်သံကြောင့် သူ ငုံ့ကြည့်လိုက်သည် ။ နီရဲသော သွေးအိုင်ကို မြင်လိုက်ရသောကြောင့် သူ့ခြေထောက်ကို အလန့်တကြား ရုတ်လိုက်သည် ။

သူ့အရှေ့တွင် လူတယောက် ဖြစ်ခဲ့ဖူးသော အလောင်းတလောင်း ရှိနေသည် ။ ထိုအလောင်း၏ ခေါင်းမှ စီးကျနေသောသွေးများက သူ့ခြေအောက်မှ သွေးအိုင်ကို ဖြစ်လာစေသည် ။
ခပ်လှမ်းလှမ်းမှ မွေ့ယာထူထူ၏ ခြေရင်းတွင် အလောင်းတစ်လောင်းထပ်ရှိသေးသည် ။ ကျောမှရင်သို့ ထုတ်ချင်းဖောက်နေသော သံချောင်းကြီးကြောင့် ထိုအလောင်းကခပ်စောင်းစောင်းလဲကျနေသည် ။

သူ အသက်ရှူ မြန်သည်ထက် မြန်လာသည် ။ လက်နှစ်ဖက်ကို အပြန်ပြန်အလှန်လှန် သူ ဆုတ်နယ်နေမိသည် ။ စေးကပ်သောအထိ အတွေ့ကြောင့် သူ လက်နှစ်ဖက်ကို ပြန်ကြည့်လိုက်သည် ။ သူ့လက်နှစ်ဖက်မှာ သွေးတွေဖြင့် လိမ်းကျံထားသလို နီရဲနေပါရောလား ။

C H E R R Y Où les histoires vivent. Découvrez maintenant