(Unicode)
ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
" ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။…………
ထို့နောက်တွင်……… ။
ကျောချမ်းလောက်သည်အထိ အေးစက်သော ရယ်သံများ ကို သူ ကြားနေရသည် ။ ပတ္တမြားခဲများလို တောက်ပနေသော အနီရောင်မျက်ဝန်းတစ်စုံ ကို သူ မြင်နေရသည် ။
တံခါးခေါက်သံ တဒေါက်ဒေါက်ကို ကြားလိုက်ရသည် ။
- ပါမောက္ခကြီး … ကျနော့်ကို ခေါ်တယ်ဆိုလို့ပါ… -
ရှည်သွယ်သောကိုယ်လုံးတစ်ခု က သူ့ရုံးခန်းထဲသို့ ဝင်လာသည်။
- အိုကေ… မစ်စ် ရှိုင်သန်းန် … အဲ့တာ ဘာအဓိပ္ပာယ်လဲ … -
သူ့ကို စိုက်ကြည့်သော သူမ၏ မျက်ဝန်းများက နီရဲလျက်ရှိသည် ။
- ငါ ဒီမြေကြီးပေါ်မှာ နှစ်ပေါင်းထောင်နဲ့ချီပြီး လျောက်ခဲ့တာ … -
ဂျွတ်ကနဲ ဂျွတ်ကနဲ အသံများနှင့်အတူ အပိုင်းပိုင်းကျိုးကြေနေသော သူမ၏ ကိုယ်က အကောင်းပတိပြန်ဖြစ်သွားသည် ။
- မှတ်ထား… အဓိပ္ပာယ်က - နတ်ဆိုး - တဲ့…… -
သွေးတတောက်တောက်ကျနေသော လက်ကို သူမ မြှောက်ပြလာသည် ။ သူ့ဘေးသို့ ကျလာသော သွေးရွဲရွဲ အသားတစ် နှစ်ခု… ။
ကျောချမ်းလောက်သည်အထိ အေးစက်သော ရယ်သံများ… ပတ္တမြားခဲများလို တောက်ပနေသော အနီရောင်မျက်ဝန်းတစ်စုံ … ။
ထို့နောက်တွင် …… ။
………
တတီတီ မြည်နေသော စက်သံများကို သူကြားနေရသည် ။ မျက်လုံးတို့ကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကျက်ကို သူ မြင်နေရသည် ။
လက်တစ်ဖက်ကို မြှောက်ကြည့်ဖို့ သူ ကြိုးစားသည် ။ သံကိုသံချင်းခတ်မိသော တောင်ကနဲ အသံနှင့်အတူ အေးစက်သော တစုံတခုကို ခံစားလိုက်မိသည် ။ ခေါင်းကိုဖြေးဖြေးချင်းစောင်းငဲ့ကာ ကြည့်လိုက်တော့ လက်ကို ချုပ်နှောင်ထားသော ငွေရောင်လက်ထိပ်တစ်ခုကို မြင်လိုက်ရသည် ။
JE LEEST
C H E R R Y
Mysterie / ThrillerEven sins taste like Cherry , in between echos of love songs . (Big warning : Mature Content / Own character )