[Unicode]
ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
" ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။………………
" ရှိုးလော့တ် … "
" ကျွန်တော်ရှိပါတယ် … အရှင်မင်းကြီး …… "
" ကစားပွဲတစ်ခု ကြည့်ချင်တယ် … "
" ဘယ်လိုပွဲမျိုးပါလဲ အရှင်မင်းကြီး… "
" ချယ်ရီရောင်တောက်တောက်လေးပေါ့… "
မီးပုံကိုလှည့်ကြည့်လာသော လိမ္မော်နီရောင်မျက်ဝန်းများသည် မီးပုံထက်ပင် တောက်ပလျက် ရှိနေကြသည်လေ ။
……………
Mexico City , Mexico .
မက္ကဆီကို စီးတီး … မက္ကဆီကိုနိုင်ငံ … ။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ဒီနေရာတွင် သေးနုတ်သော အရက်ဆ်ိုင်လေး စဖွင့်ခဲ့သည် ။ စဖွင့်ချိန်မှနှစ်၁၀၀လောက်ကြာလာတော့ အကောင်းဆုံးအရက်များကို ရောင်းချသော အရက်ဘားကြီးတစ်ခု ဖြစ်လာပေပြီ ။ ထိုအချိန်မှအနှစ်၁၀၀လောက် ထပ်ကြာလာသည့် လက်ရှိအချိန်တွင်တော့ ဒီနေရာသည် အမည်အတိမကျမရှိသော မြေအောက်ဘားကြီးတည်ရှိရာနေရာဖြစ်လာသည် ။
အပြင်ဖက်မှကြည့်လိုက်လျှင် ဤနေရာသည် ခေါင်မိုးအောက်မှ ကားပါကင်တစ်ခုသာသာ ဖြစ်သည်။ ပြိုကျလုမတတ်ဖြစ်နေသောနံရံများတွင်လည်း ကာလာစုံမှုတ်ဆေးများဖြင့် ကြောင်ကြားကြားအရုပ်များဆွဲထားသေးသည် ။
ထောင့်အစွန်းမှ အနီရောင်တံခါးလေးကို ဖွင့်၍ မြင်လိုက်ရသော အနီရောင်လှေကားမှ ဆင်းသွားလျှင်တော့ တမူထူးသည့် လောကသစ်တစ်ခုဆီသို့ ရောက်သွားပေလိမ့်မည်။မြေအောက်ဘားတွင် ကြီးမား၍ ခိုင်ခန့်သောနံရံများရှိသည် ။ သန့်ရှင်းသော လေပေးစနစ် ရှိသည် ။ ဧရိယာတစ်စတုရန်းစင်တီမီတာမကျန် လင်းလက်တောက်ပနေသည် ။
ကြီးမားသော အကခန်းမကြီးနှင့် ရှည်လျားသော အရက်ဘားကြီးရှိသည် ။ အခန်း၏ အမြင့်ပိုင်းတွင် သီးသန့် ဗွီအိုင်ပီခုံများရှိသည် ။ စိန်ပွင့်အကြီးကြီးပုံစံ ဒီဇိုင်းဖော်ထားသော ဒီဂျေခုံမှ တေးသံမြူးကြွကြွများ ဆူညံနေသည် ။

YOU ARE READING
C H E R R Y
Mystery / ThrillerEven sins taste like Cherry , in between echos of love songs . (Big warning : Mature Content / Own character )