(4)

470 76 33
                                    

(Unicode)

ချစ်တေးသွားတွေ ပဲ့တင်ထပ်သွားချိန်မှာ …
နာကျင်စေတဲ့ အပြစ်ကြွေး တွေကတောင် …
       " ချယ်ရီ " လို အရသာ ရှိပါတယ် တဲ့ ။

…………

မနက်ခင်း၏ နေရောင်ခြည်သည် လောကတခွင်ကိုလှပစွာ ဖြန့်ကျက်လာသည် ။
ဆူညံနေသော မြေအောက်ပါတီကြီးသည် နေရောင်ခြည်က်ို ကြောက်ရွံ့သော မကောင်းဆိုးဝါးသဖွယ် တိတ်ဆိတ်ခြောက်ကပ်ကာ ရှောင်ပုန်းသွားလေပြီ။

တိတ်ဆိတ်ခြောက်ကပ်နေသောခန်းမကျယ်၏ထောင့်တစ်နေရာမှ အရက်ဘားတွင် ကောင်မလေး ထိုင်နေသည်။ အရက်လောင်းချကာ တစ်ရှူးစတို့ဖြင့် ကြုံသလိုစည်းနှောင်ထားသည့် လက်မှ ပြတ်ရှရာတို့က ခြောက်သွေ့ကုန်ကြပြီ ။

" လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကျော်က မြို့နယ်ဆေးရုံကြီးရဲ့ အာရုံကျောဋ္ဌာနကို လူနာတစ်ယောက်ရောက်လာတယ်…  "

ကောင်မလေး၏ ရှေ့တွင် ပန်းဆီရောင်ဆံနွယ်များကို ခပ်မြင့်မြင့်စည်းနှောင်ထားသောကောင်ချောလေးတစ်ယောက် ရှိနေသည် ။

" လူနာက ကိုမာဝင်နေတယ် … ဒါပေမယ့် ကိုမာနဲ့ဆက်စပ်တဲ့ ဘယ်လိုဒဏ်ရာအနာတရမှ မရှိဘူး …
နောက်၃ရက်လောက် အကြာမှာ အဲ့ဒီဋ္ဌာနကိုပဲ ကိုမာလူနာ၃ယောက် ထပ်ရောက်လာတယ် … သူတို့မှာလည်း ဘယ်လို ဒဏ်ရာအနာတရမှ ရှိမနေဘူး…"

ကောင်မလေးက ရှေ့မှ မွှေးကြိုင်သင်းပျံ့သော အပြာရောင်ကော့တေးခွက်ကို ငေးကြည့်ရင်း ဆက်ပြောသည် ။

" သူတို့ကြားမှာ ဆက်စပ်တဲ့အချက် သုံးခုပဲ ရှ်ိတယ်…
တစ်အချက်… သူတို့အားလုံးက ယောက်ျားတွေ…
နှစ်အချက် ……  အပေါ်ယံကကောင်းဟန်ပေါ်သလောက် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တတ်တဲ့ လူယုတ်မာစစ်စစ်တွေ…
သုံးအချက် ……  ကိုမာ မဝင်ခင်ရက်တွေမှာ ဒီမြေအောက်ဘားကို လာခဲ့ကြတယ် … "

ကောင်မလေးက သူမ ဘေးခုံကို ကြည့်လိုက်သည် ။ ဘေးခုံပေါ်တွင် အရှင်မာရာ သို့မဟုတ် သူမ ရှိနေသည် ။

" ကျွန်မ မှတ်တမ်းတွေကို ပြန်ရှာပြီး လွန်ခဲ့တဲ့နှစ်တွေကိုပြန်သွားကြည့်တယ် …  ၂၀၂၁ … ၁၉၉၁ … ၁၉၆၁ … ၁၉၃၁… ၁၉၀၁ … ၁၈၇၁ ခုနှစ် အထိ မှတ်တမ်းတွေကို ကျွန်မ တွေ့ခဲ့တယ် … 
ဒီမြို့ပဲ… နှစ်တစ်နှစ်ရဲ့ ငါးခုမြောက်လတိုင်း မှာပဲ… ဒီနှစ်ကနေ နောက်ပြန်အနှစ်၃၀ တိုင်းမှာ လူငါးယောက် ကိုမာ ဝင်တယ် … သူတို့ကိုယ်ခန္ဓာကို လည်ပတ်နေတဲ့ စက်တွေ မဖြုတ်မချင်း သူတို့ဒီအတိုင်း ကိုမာဝင်လျက်သား ရှိနေတယ်… သူတို့ချစ်တဲ့လူတွေက သူတို့ကို သေခွင့်မပေးမချင်း သူတို့မသေနိုင်ဘူး … "

C H E R R Y Where stories live. Discover now