1 . လွဲလာသော သတို့သား

3.1K 154 1
                                    

ရှောင်ကျန့်ဆိုတာ သူငယ်ချင်းတွေ ကြားထဲမှာ သူရဲကောင်းကြီး။ ကိုယ်ကျိုးတောင် မကြည့်ဘဲ သူငယ်ချင်းတွေကို ဒုက္ခတွင်းထဲက အစွမ်းကုန် ကူညီတာ။ အဲ့ဒါကြောင့် ရှင်းရတဲ့ ပြဿနာဆိုတာကလည်း မနည်းမနောဘဲ။ ဒါတွေ ရှောင်ကျန့်တို့က မမှုဘူး။ အဓိကက သူငယ်ချင်းတွေ အမြဲတမ်း ပျော်ရွှင်နေဖို့ဘဲ။

- ရှောင်ကျန့် သေချာတယ်နော်... ဒါက ဟန်အိုက်ရဲ့ ရည်းစားဆိုတာ...

- သေချာပါတယ်ကွာ... ငါဒီတစ်ခါ မလွဲအောင် သေချာမှတ်လာခဲ့တယ်... လုပ် လုပ် မြန်မြန် လှုပ်ရှားရအောင်... ခဏနေ လူများလာရင် ငါတို့အတွက် အခက်အခဲရှိလာဦးမယ်...

ရှောင်ကျန့်နဲ့ ယွိဘင်း အဖြူရောင် သတို့သားအား မေ့ဆေးအုပ်ပြီးနောက် ဟိုတယ်အနောက်ပေါက်မှ ခက်ခက်ခဲခဲ ခေါ်ထုတ်သွားတော့သည်။

ကားနောက်ခန်းတွင် သတိမေ့နေသေးသည့် သတို့သားအား ရှောင်ကျန့် လှည့်ကြည့်ကာ မျက်နှာမဲ့ချလိုက်သည်။

- ဟန်အိုက်တို့များနော် လူကသာ ဂျပု။ ရွေးထားတဲ့လူက ရှည်လမျောနဲ့ ချောချောကြီး... အဲ့အချောကြီးက ရုပ်ဆိုးဂျပုကို ဘယ်လိုများ ကြိုက်သွားလဲ မသိဘူး... ဒါပေါ့ အချစ်မှာ အစိမှမပါဘဲ...

ရှောင်ကျန့် အားရဝမ်းသာ ပြုံးလိုက်သည်။ အခုဆို ဟိုတယ်နဲ့လည်း အရမ်းဝေးသွားပြီ။ ဟန်အိုက်ရှိသည့် နေရာကိုလည်း ရောက်တော့မယ်။ မင်္ဂလာပွဲကနေ သူကိုယ်တိုင် ခိုးပေးခဲ့တဲ့ သတို့သားက ဟန်အိုက်နဲ့ ပျော်ရွှင်စွာ နေသွားရတော့မယ်။ ပင်ပန်းရကျိုးနပ်လတ်တာ။

- ရှောင်ကျန့်... မင်းသူ့ကို အကျိုးအကြောင်း ပြောပြီး ခေါ်ရင်လဲရတာပဲကို... သူလည်း ဟန်အိုက်ကို ချစ်တယ်လေ... သူ့ကို မင်္ဂလာပွဲကနေ ခေါ်ထုတ်သွားဖို့လို့ ပြောရင် သူလည်း မငြင်းဘဲ လိုက်မှာကို မင်းကဘာလို့ အရစ်ရှည်ပြီး မေ့ဆေးအုပ်ရတာလဲ? အလကား လူပင်ပန်းအောင်... မင်းကလေ တော်တော် ရှည်တဲ့ကောင်

ယွိဘင်းက ကားမောင်းရင်း ပြောတော့ ရှောင်ကျန့်က ကျေနပ်ပြုံးကြီးနဲ့ ဖြီးလို့။

- အဲ့ဒါ BIG SURPRISEလို့ ခေါ်တယ်ကွ... သူက ငါတို့ ဟန်အိုက်နဲ့ တစ်သက်လုံး ဝေးရပြီဆိုပြီး စိတ်ဓာတ်ကျနေတဲ့အချိန် သူမျက်လုံးတွေ ဖွင့်လိုက်တဲ့အချိန်မှာ ပထမဦးဆုံး မြင်ရမယ့်သူက ဟန်အိုက်ဖြစ်နေမယ်ကွာ... အဲ့ချိန်မှာ သူအကြီးကြီး ရှော့ရပြီး မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျပြီး ပျော်သွားမယ်... ဘယ်လောက်တောင် ROMANCEဖြစ်လိုက်မလဲ?

I'm HERO ^•^ [UNICODE]Where stories live. Discover now