10. သွယ်ဝိုက်သောနည်း

871 94 0
                                    

- ကိုကြီး မနက်စာ သွားမစားသေးဘူးလား?

- မင်းကိုစောင့်နေတာ...

ရိပေါ်က suit အပြည့်နှင့် ခန့်ညားနေရော ။ ရှောင်ကျန့်ကတော့ ရိပေါ်ရဲ့ မီးခိုးရောင် ရှပ်နဲ့ ချည်သား ဘောင်းဘီတို့ကြောင့် ပွယောင်းယောင်းကြီး။

ရိပေါ်နဲ့ ရှောင်ကျန့်တို့ ထမင်းစားခန်းထဲ ဝင်လာတော့ အမှိုက် 3 ထုပ်နှင့်ဆုံသည်။ ရိပေါ်ရဲ့ မျက်နှာမှာ အလိုမကျသည့် အရိပ်တို့ ယှက်သန်းသွားသည်။

ဘာလား? ဦးလေးမင် ပြောပြတော့ အမှိုက်တွေက ကိုကြီးနဲ့ အတူစားလေ့ မရှိဘူးဆို... ခုက ဘာလာလုပ်တာလဲ?

စားပွဲရဲ့ ထိပ်ဆုံးခုံဟာ လွှတ်နေပြီး ဘယ်ဘက်တွင် လင်မယားနှစ်ယောက် ထိုင်နေကာ ညာဘက်တွင်တော့ ချင်းချန်ထိုင်နေသည်။

အိမ်တော်ထိန်းမင်ရဲ့ မျက်နှာဟာလည်း မကောင်းလှပေ။

- သားဝမ်လေး လာလေ... အန်တီတို့က မနက်စာ အတူစားဖို့ စောင့်နေတာ...

ချင်းယွဲ့က ပြောလာတော့ ရိပေါ်က ခေါင်းငြိမ့်ကာ ထိုထိပ်ဆုံးခုံတွင် ထိုင်လိုက်သည်။ ရိပေါ်က နေရာမဖယ်ပေးဘဲ ထိုင်နေသည့် ချင်းချန်ကို မျက်မှောင်ကုတ်၍ ကြည့်လာသည်။

- ကိုကြီးရဲ့ ဧည့်သည်ကလည်း မသိတတ်လိုက်တာ... ဧည့်သည်က ဧည့်သည်နေရာကို မသိဘူး... အိမ်ရှင်ထိုင်မယ့်နေရာကို မျက်နှာပြောင်တိုက်ပြီး ထိုင်နေတယ်... အလိုက်လည်းမသိသလို အရှက်ကလည်း နည်းလိုက်တာ...

မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ဖြစ်သွားသည့် ချင်းချန်ရဲ့ မျက်နှာဟာ ထားစရာနေရာမရှိတော့ပေ။ ဟို လင်မယားနှစ်ယောက်မှာလည်း မျက်နှာ အကွက်လိုက် ဖြစ်သွားကြသည်။

ချင်းချန်က နေရာရွေ့ပြီး တခြားခုံပြောင်းထိုင်သော်လည်း ရှောင်ကျန့်က မျက်နှာရှုံကာ ရိပေါ်ကို ကြည့်လာသည်။

- ကိုကြီး ပေါင်ပေါ်ဘဲ ထိုင်တော့မယ်...

ရှောင်ကျန့်က ရိပေါ်ရဲ့ပေါင်ပေါ်တွင်ထိုင်ပြီးနောက် ရိပေါ်ရဲ့ လက်ဖဝါးပေါ်တွင် သူ၏ လက်ညှိုးဖြင့် ရေးဆွဲလိုက်သည်။

I'm HERO ^•^ [UNICODE]Where stories live. Discover now